Sunday, December 14, 2008

“အတွေးများစွာနဲ့  ကျွန်မ နေရီနွယ်”

လူရယ်လို့ ဖြစ်လာတဲ့အခါမှာ မွေးကတည်းကနေစပြီး သေတဲ့အရွယ်
အထိပဲ ဝမ်းနည်းတာ ဝမ်းသာတာ ဆာလောင်တာ ချစ်တာ မုန်းတာ
စိတ်ပျက်အားငယ်တာ ဒေါသဖြစ်တာတွေဟာ လူ့ သက်တမ်းတ
လျှေက် လုံးမှာအချိုးကျကျရော အချိုးမကျရော တလှည့်စီခံစား ကြ
ရပါတယ် နာကျင်ဝမ်းနည်းလွယ်တာ စိတ်ပျက်အားငယ်လွယ်တာ တွေ
ကတော့ ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ်ကချစ်တဲ့သူတွေ နဲ့ ဝေးတဲ့အခါ
မျိုး မှာပိုဖြစ်လွယ်မယ်လို့ ထင်ပါတယ် ကျွန်မကပညာရှင် လည်းမဟုတ်
တော့ လူတွေရဲ့စိတ် ခံစားချက်ကို တပ်အပ်တော့မပြောနိုင်ပါဘူး ဒါပေ
မယ့် ကျွန်မထင်တယ် ကျွန်မလည်းလူသားထဲက လူသားတစ်ယောက်
ပဲ မို့ ကျွန်မရဲ့စိတ်မှာခံစား နေရတာမျိုး ကျွန်မနဲ့ ဘဝတူ(အထူးသဖြင့်
မိန်းကလေး) တွေလည်းကျွန်မလို မခံစားရရင်တောင် ကျွန်မလောက်
နီးနီး စိတ်ခံစားချက်မျိုးရှိ မယ်လို့ ထင်ပါတယ်........


ကျွန်မလေ မိဘရင်ခွင်နဲ့ အရမ်း ဝေးတဲ့တခြားတစ်နိုင်ငံကို ရောက်တော့
ရောက်ရောက်ခြင်းတုန်းကဆိုရင် ညဘက်မိုးချုပ်မှာ ညအိပ်ရာဝင်ရမှာကို
ကြောက်တယ် ပြီးတော့မနက်မိုးလင်း လို့ အိပ်ရာမှနိုးလာ ရင်လည်း
မျက်လုံးဖွင့်ရမှာ ကိုအရမ်းကြောက်မိတယ်...“ငါမျက်လုံးဖွင့် လိုက်ရင်
အဖေ၊ အမေ နဲ့ ငါချစ်ရတဲ့သူ တွေကိုမတွေ့ ရဘူး။ ပြီးတော့ ဘာမှ
မရှိတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ ငါတစ်ယောက်ထဲရောက်နေသလိုပဲ”
ဆိုတဲ့အတွေး အမြဲဝင်လာတယ်။ ရင်တစ်ခုလုံးလစ်ဟာပြီး လူကအသက်
မဲ့သလိုခံစားရတယ်။ အဲ့ဒီအခါမှာတော့ ကိုယ့်စိတ်ကို မနည်းတည်ငြိမ်
အောင်ထိန်းရတယ် ပြီးမှအိပ်ရာကထပြီး လုပ်စရာရှိတာလုပ်နိုင်တော့တယ်


အဲ့ဒီလိုပဲ မနက်ကျောင်းသွား ရတာကိုစိတ်မညစ်ပေမယ့် အတန်းပြီးလို့ 
အိမ်ပြန်ချိန်ဆို စိတ်ညစ်ပြန်ရော.... “ ငါအိမ်ပြန်ရောက်ရင် ငါ့ကိုချစ်
တဲ့သူတွေ ဂရုစိုက်မဲ့သူတွေ တစ်ယောက်မှမရှိသလို ငါ့ကိုကြိုမယ့်သူ
တောင် တစ်ယောက်မှမရှိပါလား” ဆိုပြီး အလိုလိုအားငယ်ပြန်ရော..
အိမ်အပြန်ခြေလှန်းတွေက အားမရှိသလို အရမ်းပဲနှေး ကွေးလွန်းတယ်
ကျွန်မငယ်ငယ်တုန်းက ဆိုရင် ညနေကျောင်းဆင်းလို့ အိမ် ကိုပြန်ရောက်
ရင်အဖေနဲ့ အမေကိုအရင်တွေ့ ရမှကျေနပ်တယ် မတွေ့ ရင်တော့ အိမ်ရှိ
လူအကုန်လုံးကို လိုက်မေးတယ် သေချာတဲ့အဖြေ မရလို့ ကတော့ အား
လုံးကိုစိတ်ကောက်ပြီး ဘယ်သူ့ ကိုမှစကားမပြော တော့ပဲခပ်မှောင်မှောင်
ချောင် တစ်ချောင်မှာ သွားငိုတယ် ငယ်ငယ်ထဲက အကျင့်က ကြီးတဲ့အ
ထိတော့မပျောက်သေးဘူး .....


ကျွန်မအတွေးတစ်ခုဖြစ်မိတယ်... ကျွန်မတောင် အဖေ၊ အမေ သက်ရှိ
ထင်ရှားရှိပြီး ခုလိုလေး အဝေးမှာနေရရုံ နဲ့ ဒီလောက်ထိဝမ်း နည်းမှု့တွေ
ဖြစ်နေရတယ် ဆိုရင်... အဖေ အမေလည်း မရှိ ဂရုစိုက်မယ့်သူ ချစ်
ခင်မယ့်သူ ကြင်နာဖေးမ မယ့်သူ အင်မတန်ရှားတဲ့ မိဘမဲ့ဂေဟာ က
ကလေး တွေဆိုရင် ကျွန်မထက်ကို ပိုပြီး အားငယ် အထီးကျန်မှု့ နဲ့ 
ဝမ်းနည်းမှု့တွေ သူတို့ လေးတွေရဲ့ရင် ထဲမှာရှိမှာပဲနော် .. ကျွန်မသိသ
လောက်က တော့မိဘမဲ့ ဂေဟာက ကလေးတွေတော်တော် များများဟာ
စိတ်ဓါတ် ရေးရာမှာ အားနဲမှု့တွေ ရှိနေကြတယ်... ဒါကလည်း သူတို့ 
ဟာ အေးမြပြီး လုံခြုံနွေးထွေးတဲ့ မိဘရင်ခွင်မရှိခဲ့ရသလို ဆွေမျိုးသားခြင်း
တွေနဲ့  တခြားသူတွေရဲ့ ချစ်ခင်ကြင်နာ မှု့ကိုမှ မရကြပဲလေ.....


တချို့ ကလေးတွေဆိုရင် မိဘ ၂ ပါးလုံးသက်ရှိထင်ရှား ရှိနေပါရက်နဲ့ 
မိဘမဲ့ဖြစ်နေတာတွေလည်း ရှိတယ်( ငယ်ငယ်ရွယ်ရွယ် ဆတ်ကော့ လတ်
ကော့လေးတွေ ထိမ်းမနိုင်သိမ်းမနိုင်တွေဖြစ် အဖေတာဝန် ယူရမယ့်ကောင်
လေးက တာဝန်မယူ လို့ မိဘမဲ့ဖြစ်ရတာတွေ) ကျွန်မ ဟိုတလောက ရုပ်
သံ အစီစဉ် မှာ မိန်းကလေးတွေ ငယ်ငယ်ရွယ်ရွယ် နဲ့ ကိုယ်ဝန်ရပြီး ဒုက္ခ
ရောက်ရတဲ့ ပညာပေး အစီစဉ် ကြည့်လိုက်ရတယ်...... ကောင်မလေး
တွေ ၁၅ ၁၆ လောက်နဲ့ ကိုယ်ဝန်တွေ ရကြတယ် တချို့ ( တော်တော်
နဲတယ် ) ကောင်လေးက တာဝန်ယူလို့ လက်ထပ်ကြတယ် အများစုက
တော့ဆေးရုံတက် ပြီးကိုယ်ဝန်ကိုဖျက်ချကြတယ် တချို့ ကတော့ ကလေး
ကိုမွေးပြီးတော့ မိဘမဲ့ဂေဟာ ကိုပို့ ပစ် လိုက်ကြတယ် .. ဆတ်ဆော့
ကြတဲ့သူတို့ တွေ ကိုပဲအပြစ်တင် ရမလား ကလေးတွေရဲ့ အတိတ်ကံ ကို
ပဲအပြစ်ပုံ ချရမလားပဲ.... ဒါပေမယ့် ဒီဖြစ်ရပ်တွေဟာ ဘယ်သူ့ အတွက်
မှကောင်းကျိုးဖြစ်မလာဘူး ဆိုတာကတော့ အသေချာပါပဲ....


ကျွန်မသူငယ်ချင်းတစ်ယောက် ဆိုရင် သူငယ်ငယ်က သူ့ အိမ်ရဲ့စီးပွါးရေး
အခြေနေကြောင့် သူ့ အဖွားတွေနဲ့ လိုက်နေရတယ် သူ့ ကိုကြည့်လိုက်
တိုင်းအထီးကျန်နေသလိုပဲ သူ့ ကိုယ်သူလည်းသိမ်ငယ်နေသလို ကိုယ့်ကို
ကိုယ်ယုံကြည် ချက်မရှိတဲ့သူလိုပဲ သူ့ ကိုကြည့်လိုက်တိုင်း ရွှင်ရွှင်လန်းလန်း
ဘယ်တော့မှမရှိဘူး ..... ကျွန်မသိသလောက်ကတော့..ငယ်ရွယ်နုနယ်
တဲ့ လူတိုင်း (အများအားဖြင့် ပုံသွင်းလို့ ကောင်းတဲ့ နုနယ်တဲ့ကလေး )
တိုင်းအတွက် လုံခြုံနွေးထွေးတဲ့မိဘ ရင်ခွင်ဟာအရမ်း လိုအပ်ပါတယ်
ဂေဟာက ကလေးတွေအတွက် နွေးထွေးစွာဆုပ်ကိုင်အားပေးမယ့်
လက်တွေ. စာနာ ကြင်နာ တဲ့စကားတွေ အားပေးဂရုစိုက်တဲ့ စကားတွေ
သူတို့ အတွက် ဂရုဏာရှင် မေတ္တာရှင် တွေအရမ်း လိုအပ်မယ်လို့ 
ကျွန်မထင်ပါတယ်.. သူတို့ ရှင်သန်လာရတဲ့ဘဝလမ်းမှာ သူတို့ ရရှိခဲ့တဲ့
ချစ်ခြင်းမေတ္တာ ဟာ အရမ်း ပဲနည်းလွန်းလို့ လေ ......



အခုတော့ ကျွန်မ မိဘတွေနဲ့ ဝေးပြီး အထီးကျန်တယ်လို့ ခံစားပြီး ဝမ်းနည်း
ရတဲ့အချိန်တိုင်းမှာ.... အော်.. ငါ့မှာ မိဘတွေ သက်ရှိထင်ရှား ရှိနေပါ
သေးတယ်.. ငါ. မိဘတွေရဲ့ မေတ္တာကိုလည်း အပြည့်အဝခံစားခဲ့ရတယ်
.. အခုက ခဏလေး ဝေးနေရတာပါ. မဝေးတော့တဲ့တချိန် မှာတော့
မိဘတွေရဲ့ အေးမြတဲ့ရင်ခွင်ရိပ်မှာ ချစ်ခြင်းတွေနဲ့  အတူ ခိုလှုံ ခွင့်ရမှာပဲ ဆို
ပြီးတော့.... ကိုယ့်ကိုကိုယ် အားပေးတက်နေပါပြီ..........


ကျွန်မလေ မိဘမဲ့ဂေဟာက ကလေးတွေကို နွေးနွေးထွေးထွေး ပွေ့ ဖက်ချင်
တယ် ပြီးတော့ ချစ်ခြင်းမေတ္တာရဲ့သဘောကို သိအောင်လည်း ကျွန်မရဲ့မေတ္တာ
တွေ ကိုသူတို့ အပေါ်ဝေငှချင်တယ်..ဂရုစိုက်သူ မဲ့နေတဲ့သူတို့ လေးတွေရဲ့
စိတ်ထဲမှာလည်း .. သူတို့ အပေါ် ဂရုစိုက်မယ့်သူ.. သူတို့ ကိုအမြဲတမ်း သ
တိရနေတဲ့သူတွေရှိ နေတယ်ဆိုတဲံ အတွေးမျိုးလည်းဖြစ်စေချင်တယ် ဒါက
ကျွန်မရင်ထဲမှာဖြစ်နေတဲ့ စိတ်ခံစားချက်ပေမယ့် ကျွန်မလေ.. နွေးထွေးတဲ့
လက်တစ်စုံပိုင်ရှင် ဖြစ်ချင်ပါတယ်.....

Sunday, November 23, 2008

jhon lennon , Imagine

Imagine - jhon lennon


Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one

Tuesday, November 4, 2008

“ကျွန်မအတွေး”

ကျွန်မလေ စာကျက်နေရင်းနဲ့  စာထဲကနေစိတ်လွတ် ပြီးအတွေးတစ်
ခုဆီရောက်သွားတယ် ကျွန်မရဲ့ အတွေးက နိုင်ငံကျော်ရုပ်ရှင်မင်း သား
ဒွေး ဆုံးသွားတဲ့အကြောင်းပေါ့ .... အော် ဒွေးတောင်ဆုံးသွား ပြီ
ပဲ သူတောင်အသက် ၄၀ လောက်ထိနေ သွားရတာပဲ ငါတောင်သူ့ 
လောက်အသက် ရှည်ပါ့မလားမသိဘူး အာပါးပါး ခုခေတ်က လည်း
ငယ်ငယ်ရွယ်ရွယ် နဲ့ သေနေကြတဲ့ ခေတ်ကြီးပဲ ငါတောင်သူ့ လောက်
အသက်ရှည်ပါ့ မလားမသိဘူး ဟူးးးးး ခုနေများငါသေ သွားလို့ 
ကတော့ငရဲပဲ ရောက်မလားပဲ ဒီအသက်ရွယ်ထိ ကျူးလွန်မိခဲ့တဲ့ အကုသိုလ်
နဲ့  ကောင်းမှူ့ ကုသိုလ် နဲ့ ယှဉ်ကြည့်လိုက် ရင်ငါကျူးလွန်မိ ခဲ့တဲ့အကုသိုလ်
တွေတော်တော်များ မယ်ထင်တယ် မသိလို့ လုပ်မိတာ ရှိသလို သိရဲ့နဲ့ 
မရှောင်နိုင်လို့ လုပ်မိ တာရှိတယ် တစ်ခါတစ်လေ သိသိကြီးနဲ့  အကုသိုလ်
ကျူးလွန်တာတွေလဲ ရှိတယ်အောင်မလေး ကြောက်စရာကြီး ပါလားနော်
တရားပြတဲ့ ဆရာတော်တွေဟော ပြောနေတဲ့တရား တွေထဲမှာ သံသရာ
အတွက်ဘာတွေလုပ် ပြီးပြီလဲဆိုတဲ့မေးခွန်း ကိုမေးလေ့ရှိတယ် ကျွန်မကို
မေးရင်တော့အဖြေ မပေးနိုင်သေးပါလား ...............

“မမ” ညီမလေးလေ အတွေးတစ်ခုတွေးမိတယ် အဲ့ဒါက ********
“မမ” ကြောက်စရာကြီး နော် ကျွန်တော်သာခုနေ သေလို့ ကတော့
ငရဲရောက်မယ်နဲ့ တူ တယ်နော် ဟင်ဟုတ်လား? ဘာလုပ်ရမလဲဟင်
အော်ဒါများငါ့ညီမရယ် ငါးပါးသီလလုံ အောင်စောင့်ရင် ငရဲမရောက်တော့
ဘူးပေါ့... အင်းဟုတ်တယ်နော်“မမ” ဒါပေမယ့်သံသရာ အတွက်ဆိုရင်
တော့ဒါလည်း မလုံလောက်သေးဘူး ထင်တယ်နော်............

သူငယ်ချင်းတို့ ရော ကျွန်မရဲ့ခဏ တာအတွေးလေးကို ဘယ်လိုထင်လဲဟင်

Saturday, November 1, 2008

“ ထို သူငယ်ချင်းနဲ့ ကျွန်မ ငြိတွယ်ခြင်း”

လွမ်းမိသမျှတွေကိုရေးရမယ်ဆိုရင်တော့State တုန်းကအဖြစ်လေးတွေက
တသက်မေ့နိုင်မယ်မထင်ပါဘူးဒါကြောင့်သူနဲ့ ပက်သတ်ခဲ့တဲ့ပျော်စရာလေးတွေကို
ပြန်ပြီးရင်မှာခံစားရင်း သူငယ်ချင်းလေးကောင်းရာသုဂတိလားပါစေလို့ 
ဆုတောင်းပေးရင်း….သူ့ နာမည်က ချိုမာလွင်.. ကျွန်မနဲ့ကျောင်းနာမည်
တစ်လုံးထဲလွဲတယ် နာမည်ကြားရင်တော့ညီအမလိုလိုဘာလိုလိုဒါပေမယ့်
မတည့်အတူတွဲတဲ့ သူငယ်ချင်း သူနဲ့ စသိတာ ၄ တန်းအောင်
လို့ ၅တန်းကို အထက်တန်းကျေုာင်းအထက(ရ) ကိုပြောင်းတော့တွေ့ 
တာသူမကမူစလင်မလေးငယ်ငယ်တုန်းကတော့တစ်ယောက်နဲ့ တစ်ယောက်
ဘာသာရေးနဲ့ ပတ်သက်ပြီးနိုင်အောင်ပြောပြီးရန်ဖြစ်နေကျ..သူနဲ့ 
ပတ်သက်တဲ့အရာတွေကတော့ ၅တန်းကျောင်းသူဘဝကနေ ၁၀ တန်းအောင်တဲ့
အထိပဲတ္ကသိုလ်တက်တော့သူမကမော်လမြိုင်ကွန်ပျူတာတက္ကသိုလ်တက်ပြီး
ကျွန်မက ရန်ကုန်စီးပွါးရေးတက္ကသိုလ်ဆက်တက်တော့အဲ့ဒီကျမှကွဲသွားကြတာ
ဒါတောင်ကျွန်မ ကျောင်းပိတ်ရက်အိမ်ပြန်ရင်သူနဲ့ တွေ့ ပြီး ရန်ဖြစ်နေကျ

၁။ ၅ တန်းကျောင်းသူ ကျွန်မကျူရှင်တက်တယ် သူနဲ့ အတူတူ. တစ်နေ့ 
အဲ့ဒီ့နေ့ က စနေနေ့  ညနေခင်း ရေချိုးပြီးကျူရှင်သွားတယ်. ချိုမာက
ကျွန်မကိုလာခေါ်တယ် အဲ့ဒီနေ့ ကကျွန်မကပဲများပြီး ဘောင်းဘီရှည်ဝတ်တယ်
အရောင်က ခြေတစ်ဖက်ကို ၃ ရောင်စပ် ၂ ဖက်ဆိုတော့ အရောင်က ၆ ရောင်
.. ပဲများချင်တဲ့ကျွန်မ စပြီးတော့မျက်စိနောက်ခံရတာ ရပ်ကွက်ထဲက ခွေး
တစ်အုပ် ပြီးတော့သူတို့ ရဲ့သြဘာသံနဲ့ ရပ်ကွက်ထဲက နေလွန်လာတယ်
ကိုယ့်ရပ်ကွက်ကခွေးတွေဆိုတော့သိပ်ပြသနာမရှိဆရာမတို့ ရပ်ကွက်ရောက်တော့
ခွေးတစ်ကောင်လိုက်ဟပ်တာ ဆရာမအိမ်ကိုဘယ်လို ရောက်မှန်းမသိရောက်သွားတယ်
ဟိုရောက်တော့မျက်ဖြူတောင်လန်ချင်တယ် လန့် ကလည်းလန့် မောကလည်းမောနဲ့ 
ခြေသလုံးအသားမပါသွားတာတော်သေးတယ်

၂။ ၆ တန်းကျောင်းသူ ကျွန်မ ကျူရှင်အမြဲနောက်ကျလေ့ရှိတယ်
ကျွန်မအချိန်နောက်ကျတက်တာက ငယ်ငယ်ထဲကနေခုထိပဲ ခုလည်းအမြဲ
ပဲကျောင်းပဲသွားသွား အလုပ်ကိစ္စပဲသွားသွားအမြဲနောက်ကျတယ် အဲ့ဒီ့အကျိုးက
တော့လမ်းမြန်မြန်လျှေက်တက်လာတယ် အပြေးတစ်ပိုင်းနဲ့ 
သွားတက်လာတယ်..အဲ့ဒီ့ နေ့ က မနက်ဖက်ကျူရှင်တက်ရတယ်..
အအိပ်မက်တဲ့ ကျွန်မကျူရှင်ချိန်နီးမှ အိပ်ရာကနိုးတယ် ကမန်းကတန်း
မျက်နှာသစ်အဝတ်စားလဲတယ်အဲ့ဒီတုန်းက ခေတ်စားနေတဲ့ A စကပ်အရှည်
(အမေ့ကိုအတင်းပူဆာပြီးချုပ်ထားတဲ့ တစ်ထည်တည်းသောစကပ်) ကိုဝတ်လိုက်တယ်
အဲ့ဒီ့နေ့ ကမိုးကလည်းရွာနေတယ် အိမ်ကနေစထွက်တော့ ဘာမှမ ဖြစ်သေးဘူး
ကျူရှင်ချိန်ကလည်း နီးနေတော့ ခြေလှန်းကို ခပ်ကျယ်ကျယ်လေးလှန်းတယ်
မိုးကလည်းသဲပါတယ် လေကလည်းပါတယ် စပြီပြသနာစကပ်အောက်
နားဆီကနေ တဗြိဗြိနဲ့  ပြဲသံကြားနေရတယ် ဂရုမစိုက်အားသေး
ခြေလှန်းကိုကျယ်နိုင် သမျှကျယ်အောင်လှန်းတုန်း စကပ်အောက်နားက
ပြဲနေတာတော့သိတယ် မခွဲထားတဲ့ကျွန်မစကပ် ကျူရှင်လည်းရောက်ရော
ပတ်ပတ်လည်ကိုပြဲရော အရှည်ဆုံးအပြဲကြောင်းက ဒူးအထိရှည်တယ်..
ချိုမာလွင်ဆိုကျွန်မကိုရီတာ ဒီမိန်းမ အူတောင်နိုပ်နေရတယ် ပြီးတော့ပြောသေးတယ
် နင်ကရုပ်ရှင်ထဲကလူရိုင်းမတွေကိုအားကျလို့ စကပ်ကိုဖွာလန်ကျဲအောင်ခွဲထားတာလားတဲ့

၃။ ၇တန်း ရောက်တော့လဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့  သူနဲ့ တခန်းထဲကျပြန်ရော
တစ်နေ့ သီတင်းကျွတ်ဘုရားပွဲ ညည့်နက်အောင်ကြည့်ပြီး နောက်နေ့ အတန်းထဲမှာ
ကျွန်မအိပ်ပျော်ပါတယ် အဲ့ဒီနေ့ ကဘုရားပွဲတွေနဲ့ ဆိုတော့ ဆရာတွေလည်း
သိပ်မဝင်ပါဘူး ဘယ်လောက်ထိတောင်အိပ်ပျော်လည်းဆိုရင် ချိုမာ တို့ အုပ်စု
ကျွန်မကိုကြောင်မျက်နှာလုပ်ပေးတာတောင်မသိတဲ့ အဖြစ်ပါ မျက်နှာတစ်
ခုလုံးကို မှင်အနီတွေရော အပြာတွေရော ရောင်စုံနဲ့ ကြောင်ရုပ်ဆွဲထားပေးပါတယ်
တော်တော်ဆိုးတဲ့မိန်းမ တော်ပါသေးတယ် ခွေးရုပ်မဆွဲပေးတာ အဲ့ဒီ့နေ့ က
အိမ်အပြန်လမ်းမှာ လူအကြည့်အခံရဆုံးနေ့ အဖြစ်တော့ မှတ်တမ်းဝင်တာပေါ့လေ.
ဂရင်းနစ်စံတော်ချိန်တော့မဟုတ်ပါဘူး ဟားဟား

၎။ ၈ တန်းတက်တော့ လူက လူကြီးတစ်ပိုင်းကလေးတစ်ပိုင်းနဲ့  ၂ ပိုင်း
ဖြစ်နေတဲ့အရွယ်ပေါ့တစ်နေ့ ကျောင်းမှာဆရာကန် တော့ပွဲရှိတော့ ချိုမာက
၈တန်းသင်တဲ့ဆရာ ဆရာမတွေအားလုံးကို Max အချိုရည်တိုက်မယ်ဆိုပြီး
ကျွန်မကိုလာ တိုင်ပင်တယ် အဲ့ဒီမှာကျွန်မက နင်အချိုရည်တိုက်မယ်ဆိုရင် ငါက
ငါးမုန့် ကြော်မယ်လေ ဆိုပြီးသူငယ်ချင်း၂ ယောက်ဗြုန်းစားကြီးထလုပ်
ပါရောအဲ့ဒီ့နေ့ ကကျောင်းတက်နေရင်းနဲ့ (အဲ့ဒီလိုနေ့ မျိုးဆိုရင် ဆရာတွေစာမသင်ပါ)
ဆရာမကို ကိုယ်ရဲ့အစီစဉ်တွေတင်ပြရင်း ကျွန်မက အိမ်ပြန်ပြီးငါးမုန့် ကြော်ဖို့ 
ခွင့်တောင်းတော့ ဆရာမ ကခွင့်ပေးပါတယ် မနက် ၁၀ နာရီကတည်းကအိမ်ပြန်ပြီးငါးမုန့် 
ကြော်တာ ၁၂ နာရီလောက်ထိပြန်မလာသေးတော့ ဆရာမက တစ်ခြားကျောင်းသူတွေကို
ကျွန်မဆီလွှတ်ပြီး စုံစမ်းခိုင်း ရတဲ့အဖြစ်ပါ ဒါနဲ့ အိမ်မှာကျောင်းသူတွေတရုန်းရုန်းနဲ့ ငါးမုန့် 
ကြော်ပေါ့လေ. ချိုမာကတော့အေးဆေးပေါ့ သူက အချိုရည်ကို ဝယ်လိုက်တာနဲ့ ရပြီလေ
ကျွန်မမှာသာ အိုးမဲ ဆီချေး ထူလပြစ်နဲ့ ကျောင်းပြန်ရောက်တော့ ၁ နာရီထိုးပြီဆရာမတွေက
၂ နာ၇ီထိုးမှစားရတယ် အဲ့ဒီနေ့ ကကျောင်းအင်္ကျီအဖြူဆိုရင်လက်သုပ်ပဝါ
နီးပါးကိုဖြစ်ရောမလုပ်တက်လုပ်တက်နဲ့ လုပ်ရလို့ ပါ အဖေနဲ့ အမေက
အလုပ်သွားနေတာဆိုတော့မီးဖိုချောင် တစ်ခုလုံးအဲ့ဒီ့နေ့ ကဗြောင်းဆန်တာပေါ့
အိုးမဲထူလပြစ်နဲ့ မျက်နှာက အဲ့ဒီ့နေ့ ကလည်းလူကြည့်ခံရတဲ့ နေ့ ဖြစ်ပြန်တာပေါ့လေ….




ဆက်ပါအုံးမည်

Wednesday, October 1, 2008

“ပျော်စေချင်ပါတယ်”

မနေ့ ညတုန်းက အိမ်ထဲမှာပူအိုက်လို့ အိမ်ပြင်ထွက်ပြီးလမ်းလျောက်ခဲ့တယ်
အမတစ်ယောက်နဲ့ အိမ်ကနေ ထွက်တုန်းကတော့မိုးကမရွာပဲ လမ်းတစ်ဝက်လောက်မှ
မိုးကရွာလာရောနှစ်ယောက်သားအမိုးအကာတွေကြားထဲကနေအိမ်ဘက်ကို
လမ်းပြန်လျှောက်လာရတယ်မိုးငွေ့ အေးအေးလေးနဲ့ လမ်းလျှောက်ရတာအရမ်းပဲ
အိမ်လွမ်းတဲ့ ဝေဒနာတွေဖြစ်ရတယ်မိုးရွာလို့ အရမ်းလဲပျော်တယ်ဒါနဲ့ ပဲ


အိမ်နားလဲရောက်ရောမိုးကတိတ်သွားရောနှစ်ယောက်သားအိမ်ပေါ်မတက်
ချင်သေးတာနဲ့ ပဲ တစ်ခါနောက်ကြောင်းပြန်လှည့်ပြီးထပ်လျှောက်ပြန်တယ်
်လျှောက်နေရင်းနဲ့ ခုနကမိုးစရွာတဲ့နေရာလည်းရောက်ရော မိုးကပြန်ရွာလာရော
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်မိသေးတယ်
ကျွန်မကတော့ပျော်တာပဲသိတယ်ဒါနဲ့ ကျွန်မကမမရေ ညီမလေးကတော့မိုးရေထဲမှာ
ပြေးတော့မယ်လို့ ပြောတော့သူက ညီမလေးက ဒီနေ့  မှနေကောင်းပျောက်ကာစ
ရှိသေးတယ်လေ မိုးရေအစို မခံပါနဲ့ လို့ ပြောပါတယ် ဒါပေမယ့်ကျွန်မ မိုးရေထဲမှာ
လမ်းမလျှောက်တာကြာလို့ လားမသိဘူး မိုးရေထဲမှာအရမ်းပဲ လမ်းလျှောက်ချင်မိတယ်


်ဒါနဲ့ မမရေ ကျွန်မကတော့ဘာမှမသိတော့ဘူး မိုးရေထဲမှာ ပြေးပြီးအိမ်ပြန်တော့မယ်
မမရော ကျွန်မနဲ့ အတူတူ မိုးရေထဲပြေးမှာလားလို့ မေးပြီးကျွန်မက စပြီးမိုးရေထဲမှာပြေးတယ် သူကလည်းနောက်ကနေပြေးပြီးလိုက်လာတယ်ပျော် လိုက်တာရှင်ကျွန်မဒီလိုမိုးရေ ထဲလမ်းလျှောက်တာ
မိုးရေထဲမှာပြေးပြီးအိမ်ပြန်ရတဲ့အရာတွေနဲ့ ဝေးတာကြာနေပြီ.. ကျွန်မအရမ်းပျော်မိတယ်
မမနဲ့ ကျွန်မနှစ်ယောက်သားမိုးရေထဲမှာပြေးရင်းနဲ့  ပျော်လွန်းလို့ အရမ်းရီဖြစ်ကြတယ်
ကျွန်မက မမ ပျော်ရဲ့လားလို့ မေးတော့ ..အင်း အရမ်းပျော်တယ်တဲ့တစ်ခါတစ်လေ
စိတ်ညစ်စရာတွေမေ့ထားပြီး ဒီလိုလေးစိတ်လွတ်ကိုယ်လွတ်ပျော်ချင်လိုက်တာတဲ့
လောကမှာကြုံရတဲ့စိတ်ညစ်စရာတွေကိုခဏ လောက်မေ့ထားပြီးတော့ အပူပင်မရှိတဲ့စိတ်လှုပ်ရှားမှု့ 
လေးတွေနဲ့  ဟန်ဆောင်မှု့ ကင်းတဲ့ရယ်ရွှင်မှု့ လေးတွေနဲ့ နေရတာ အရမ်းကိုစိတ်ပေါ့ပါးမှု့ 
ရသွားတာပဲတဲ့ ..


ကျွန်မကတော့အရမ်း ပျော်တာပဲသိတယ် နေမကောင်းထပ်ဖြစ်မှာ
လဲကြောက်ပါဘူးဆေးသောက်ရင်ပျောက်သွားလိမ့် မယ်..
သူငယ်ချင်းတို့ လဲတစ်ခါတစ်လေ စိတ်ညစ်စရာတွေ
ွလောကဓံရဲ့ စိတ်ပျက်စရာတွေ တွေ့ ရင် တစ်ခါတစ်လေလောက် သဘာဝက
ရတဲ့ပျော်ရွှင်မှု့ လေးတွေနဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ကြည့်ပါလား
ပေါ့ပေါ့ပါးပါးစိတ်ထဲရှိသလောက်ရီကြည့်ပါလားသီချင်းတွေကို ခပ်ကျယ်ကျယ်လေး
အော်ဆိုကြည့်ပါလား ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ဒါမှမဟုတ် ရေပြင်ကြီးကိုကြည့်ပြီး
ဒါမှမဟုတ် ကြယ်လေးတွေပဲဖြစ်ဖြစ်
လမင်းကြီးပဲဖြစ်ဖြစ်တောင်တန်းကြီးတွေကိုပဲဖြစ်ဖြစ် အရင်းနှီးဆုံး
သူငယ်ချင်းတစ်ယောက်လိုသဘောထားပြီးစကားတွေအကျယ်ကြီးပြောကြည့်ပါ
လား စိတ်ညစ်စရာလေးတွေ အနဲငယ်လောက်တော့သက်သာမယ်ထင်တယ်


ကျွန်မကတော့ညကမိုးရေထဲမှာပြေးပြီးအိမ်ပြန်ရင်းနဲ့ အမနဲ့ စကားတွေလဲအကျယ်ကြီးပြောတယ်
စိတ်ထဲမှာပျော်သလောက်လဲ ရီဖြစ်တယ် သီချင်းကိုလည်းခပ်ကျယ်ကျယ်လေးဆိုဖြစ်တယ်
်ထိုခဏမှာတော့စိတ်ညစ်စရာအားလုံးသူ့ 
အလိုလျှောက်မေ့သွားတယ် ကျွန်မထိုခဏအရမ်းပျော်မိတယ် သူငယ်ချင်းတို့ 
တွေအားလုံးကိုလည်း ပျော်ရွှင်မှု့ တွေရစေချင်ပါတယ် အားလုံးပဲပျော်ရွှင်ကြပါစေရှင်

Thursday, September 25, 2008

“မာယာမဲ့ဟန်ဆောင်ခြင်း”

အနက်ရှိုင်းဆုံးငြိတွယ်
အထိနာလှတယ်ရင်ထဲ
အသိစိတ်ကရှောင်ခွါပြေးတယ်။


ညညအိပ်မပျော်
တစ်ယောက်ထဲကောင်းကင်ငေးတယ်။
အသက်ရှူလည်းကျပ်သေး
အာရုံကတစ်နေရာထဲကပ်ငြိ
ပါးနှစ်ဖက်မျက်ရည်မြစ်စီးတယ်။


ကြင်သူကိုလည်းမသိစေချင်
ခင်သူကိုလည်းမသိစေချင်
ဘယ်သူ့ ကိုမှမသိစေချင်ဘူးကွယ်။


ဟန်ဆောင်ကာနေရတဲ့ဘဝ
ဦးနှောက်က နှစ်နေရာခွဲတယ်။
နှလုံးသားအတွက်အချစ်
ရုပ်သွင်အတွက်တစ်စိမ်း။


စိတ်နဲ့ ခန္ဓာတထပ်ထဲမကျရတဲ့ဘဝ
နေသာနေရ ရူးချင်လှတယ်
ကြင်သူကိုလည်း အပြစ်မမြင်
ခင်သူကိုလည်း မငြိုငြင်ပါ။


စိတ်တွေကလည်း မတည်ငြိမ်သေး
တခါတခါ
အချစ်တွေတိုးထွက်လို့ 
အလွမ်းတွေလွှမ်းခြုံလာရင်
ဟန်ဆောင်လို့ တောင်မရ
လူရှေ့မှာတောင်မှိုင်တွေငေးတယ်။


ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းထဲ
ကြင်သူကိုလွမ်းလှလည်း
တိုးတိတ်တဲ့ ငိုရှိုက်သံ
ခင်သူမကြားအောင်ကြိုးစားမြဲ။

“အလွမ်း”

အလွမ်းတွေကိုစာစီ
ကဗျာရေးမည်ဆိုမှ
ကာရန်တွေကမညီ
လွမ်းသမျှကိုလိုက်မမီ။

အလွမ်းတွေကိုရေးမှတ်
တေးစပ်လို့ ဆိုတော့လည်း
သံစဉ်တွေကလိုက်မမီ
သီချင်းတပုဒ်မမည်။

အလွမ်းတွေကိုစီရီ
ဇာချဲ့ လို့ ဝတ္ထုရေးပြန်တော့
စကားလုံးတွေကရှေ့ နောက်မညီ
ခံစားချက်ကိုလိုက်မမီ။

ကဗျာ၊တေးထပ်
ဝတ္ထုစပ်လို့ မရတော့
အလွမ်းကိုမုန်းလို့ 
အမုန်းကိုပဲလွမ်းလိုက်ချင်ပါတယ်။

“မာယာကျော့ကွင်း”

အတ္တရောင်က တပြောင်ပြောင်
မာနဖျားက မိုးထိတက်
လွဲမှားစွာခေါင်းစဉ်တပ်တော့
ရှိသင့်တဲ့ မာနပါတဲ့ ။

အငြိုးကြီးသူ လူတသိုက်
ချည်လိုက်သမျှ ညွှတ်ကျော့ကွင်း
မာယာမကြွယ် သမင်ငယ်
လည်စင်းလို့ ပေးရရှာတယ် ။

ရင်ကိုခွဲလို့  အသဲကိုထုတ်
သီကုံးရင်းပင် သူတို့ ပြုံးတယ်
ပြောပြန်သည်က စကားကြီး
ပညာပေးခြင်း ဖြစ်ပါသည်တဲ့ ။

လုပ်ရက်ခြင်းလို့  မပြောလို
ဆုတောင်းရင်းသာ စိတ်ကဆို
မကြုံစေလို ကိုယ့်ထက်မိုက်သူကို
ထာဝစဉ်သာ ပြုံးနိုင်ပါစေလို ။

Friday, September 19, 2008

လွမ်းလှတယ် “မေမေ”

ဆန်းတော့မဆန်း
လွမ်းတော့လွမ်းမိ
ကျွမ်းကျွမ်းဝင်ဝင်
မျှော်လင့်ကာတမ်းမိတော့
လွမ်းမိသည့် အမေ့အိမ်….။


ဆိတ်ငြိမ်လှတဲ့ဘဝဂ်ဘုံ
အားသစ်စုံအောင်ရပေသည်။
မျက်ဝန်းညိုရင်ကိုအေးရတယ်
ရင်ထဲကိုခိုဝင်ကာတိုးမိရင်ဖြင့်
ကမ်းကုန်အောင်လုံခြုံရပြန်သည်။


ချိုကြည်ရွှင်မေတ္တာပွင့်လို့ 
ရာနှုန်းပြည့်အချစ်တွေရယ်
ခံစားမကုန်အောင်ရပါသေးတယ်။
အမေ့သံချိုဂရုဏာရောရင်ဖြင့်
နှိုင်းယှဉ်စရာသံစဉ်ရှားပါလို့ 
အားပြည့်တဲ့လှတဲ့ဖြစ်အင်။


ဆံနွယ်ကိုယုယစွာသပ်ပေးရင်ဖြင့်
သဲခိုက်ကာမျက်ရည်ဝိုင်းရတယ်
လမင်းထက်သာတဲ့“မေ့”ရုပ်သွင်။


“မေ့”မေတ္တာအကုန်ခံစားသိပေမယ့်
နှိုင်းပြစရာစကားလုံးမရှိပါဘူး
မြင့်မိုရ်နှင့်လည်းမယှဉ်
ဘယ်အရာနှင့်မှယှဉ်ပြဖို့ မမြင်။


ခုများတော့ဖြင့်
စိတ်တွေကမရွှင်
နွမ်းလျှတဲ့ရင်ခွင်
အားသစ်ကိုကိုယ်တိုင်ဖြည့်လို့ 
လှော်ခတ်ရတဲ့ဘဝမြစ်ပြင်
မေတ္တာရှင်“မေ”နဲ့ ဝေးတယ်။
ဂရုဏာရှင်“မေ”နဲ့ ဝေးတယ်။


အတိုင်းမသိအောင်ဆွေးရတယ်
“မေ့”ရင်ခွင်ခိုဝင်ကာနွေးလှချင်တယ်
လွမ်းလွန်းလှတယ်“မေမေ”ရယ်။

လွမ်းစရာလေးဒီ Sunday

စင်္ကာပူနိုင်ငံရဲ့  နေသာတဲ့ တနင်္ဂနွေနေ့ လေးပေါ့…………..
နေမင်းကြီးက သူ့ ရဲ့တာဝန် အတိုင်း ကမ္ဘာလောကကြီး ကိုအလင်းရောင်နဲ့ 
စွမ်းအားတွေ ကို သူရဲ့ခွန်အားရှိသလောက် မျှဝေနေပြီ…. နံနက်ခင်းမှာ
တေးဆိုတက်တဲ့ငှက်ကလေးတွေ ရဲ့အသံကို မကြားရပဲ ကျွန်မအိပ်ရာက
နေနိုးလာတယ် အိပ်ရာက နိုးနိုးခြင်း ချက်ခြင်းမထသေးဘူး ဆက်အိပ်
(ဇိမ်ယူ) အုံးမယ်လို့ တွေးမိတယ် … ဒါပေမယ့် ‘‘ မဖြစ်သေးပါဘူးလေ..
ငါလုပ်စရာတွေရှိသေးတယ် ’’ ပျင်းနေတဲ့စိတ်ကိုမျက်ကွယ်ပြုပြီး
အိပ်ရာကထလိုက်တယ်…. မျက်နှာသစ် .. လျှော်စရာအဝတ်တွေကို
စက်ထဲထည့်ပြီိး watching machine ကိုအလုပ်ပေးလိုက်တယ်…


ပြီးတော့ ဘုရားကျောင်းဆောင်ရှေ့ မှာထိုင်ပြီး ဘုရားရှိခိုးတယ် .. ကျွန်မ
တို့ အိမ်က ဗမာအိမ်ဆိုတော့ ဘုရားကျောင်းဆောင်ရှိတယ်… ဘုရားရှိခိုး
နေရင်းအလယ်တဝက်လောက်မှာ အမေဘုရားရှိခိုးနေတဲ့ ပုံရိပ်က ရင်ထဲကိုရော
အသိစိတ်ထဲကိုရော ဗြုန်းစားကြီးဝင်လာတယ် ရှေ့ဆက်ရမယ့်တရားစာတွေ
ကြက်ပျောက်ငှက်ပျောက်ပဲ လုံးလုံးကိုမေ့သွားရော .. ရင်ထဲကအမေ့ပုံရိပ်ကို
လက်အုပ်ချီလျက်သား စိတ်နဲ့ ထိုင်ကြည့် နေမိတယ် .. ပါးနှစ်ဖက်စလုံးမှာ
မျက်ရည်တွေ စီးနေပြီဆိုတာတော့သိနေတယ်.. ဒါပေမယ့်ဒီမျက်ရည်
တွေကိုတားဆီးချင်စိတ်မရှိဘူးဆိုတာလည်းသေချာနေပြန်ရော.. ‘‘ အမေ
ကျန်းမာပါစေ.. ချမ်းသာပါစေ ရန်သူမျိုး ၅ ပါးမှကင်းဝေးပါစေ.. အနာမျိုး
၉၆ ပါးမှကင်းဝေးပါစေ..စိတ်ချမ်းသာ ကိုယ်ကျန်းမာ……..’’ အမေ့မျက်နှာကို
ကြည့်ပြီး အမေ့ကိုဆုတောင်းပေးနေရင်းနဲ့ ရင်ထဲကဆုတောင်းသံတွေက မပီ
ပြင်တော့ဘူး စိတ်ထဲမှာမွန်းကျပ်ပြီးတော့ လူကမောသလိုခံစားရတယ် အသက်
ရှူလို့ မဝတော့သလိုပဲ.. ရှိုက်သံလေးတောင်အပြင်ထွက်မိသွားတယ်နဲ့ တူတယ်
အမေ့ကိုတော့မှာလိုက်သေးတယ် ‘‘ အမေ သမီး အဖေ့ကိုလည်းအရမ်းသတိရတယ်
အဖေကျန်းမာဖို့ ကိုလည်းနေ့ တိုင်းမပျက်မကွက် ဆုတောင်းပေးနေပါ
တယ်.. လို့ အဖေ့ကိုပြောပေးနော် အမေ ’’


……… ဒါနဲ့ ပဲ ဘုရားကို အစကနေပြန်ရှိခိုးရပြန်တယ်..ဒါပေမယ့် အမေရဲ့
ဘုရားရှိခိုးနေတဲ့ပုံရိပ်က ကျွန်မဘုရားရှိခိုးပြီးသည်အထိပျောက်မသွားခဲ့ပါဘူး
အမေ့ပုံရိပ်ကိုဒီအတိုင်းဆက်ပြီးထိုင်ကြည့်နေလို့ ကတော့ ငုတ်တုတ်ကနေမိုး
ချုပ်သွားနိုင်ပါတယ်…
ဘုရားရှိခိုးပြီးရုံရှိသေးတယ်.. ဘယ်အချိန်ထဲကအချက်ပြဖို့ ချောင်းနေလဲမသိဘူး
အစာအိမ်ရှိတဲ့နေရာက … ဆာ.. တယ်ဆိုပြီးအသိပေးလာတယ်..ဒါနဲ့ မနက်စာ
ကိုထမင်းစားပြီး သမုဒ္ဒရာဝမ်းတထွာကို မျက်နှာလုပ်ပြီး ဖြည့်မယ်လို့ ဆုံးဖြတ်မိ
တယ်..‘‘ ဟင်းတော့ချက်ရအုံးမယ်.. ကိုရွှေဗိုက်ရယ် ခဏတော့စောင့်…
ဟင်း အိုးပြင်လိုက်အုံးမယ် ’’ ……..မော်လမြိုင်အိမ်မှာဆိုရင်တော့.. မနက်စာကို
ညတုန်းက ထမင်းကျန်ရင် အဲ့ဒီထမင်းကြမ်း ဒါမှမဟုတ်ရင် အမေစောစော
ထချက်ထားတဲ့ထမင်းနဲ့ လမ်းထိပ်ကဘူးသီးကြော်ဆိုင်ကအကြော်စုံကိုဝယ်
ပြီးတော့ငပိရည်နဲ့ နွေးထားတဲ့ဟင်းကျန်လေး (ရှိရင်) နဲ့ နယ်ပြီးစားရတာ ကို
အရမ်းသတိရမိတယ်..

စင်္ကာပူကို မရောက်ခင်အချိန်ထိမနက်စာကိုထမင်းပဲ
စားဖြစ်တယ်..တခါတရံ (တော်တော်ရှားတယ်) မုန့် ဟင်းခါးစားတယ်..ကော်ဖီ
တို့ လ္ဘက်ရည်တို့ ဆိုတာ ကိုယ်နဲ့ လားလားမှမသက်ဆိုင်သူလို တစိမ်းဆန်လွန်း
တယ်.. ယောင်လို့ တောင်မစဉ်းစားမိဖူးဘူး..…….. ဟိုက် ..
စဉ်းစားခန်းဝင်နေတာနဲ့ ဟင်းအိုးကပြင်လို့ တောင်မပြီးသေးဘူး
အိမ်ရှင်တွေ ဟင်းချက်ဖို့ မီးဖိုခန်းကိုဝင်လာပြီ……
ချက်မှာက အိမ်ရှင်ဦးလေးကြီး သူ့ ကတော်က ကိုယ်ဝန် အရင့်နဲ့ ဆိုတော့ သူ
လက်စွမ်းပြရမယ့်ကာလ..အခါသမယ…


မီးဖိုခန်းလူရှုပ်တော့မယ်ဆိုတော့ ကျွန်မရဲ့ ပြင်လက်စ ဟင်းအိုးအဖုံး အုပ်ပြီး
မနက်စာအတွက် ကော်ဖီတစ်ခွက် ပေါင်မုန့် အလွတ် ၂ ချပ် လက်ကဆွဲပြီး
ကျွန်မရဲ့ ပျော်မွေ့ ရာအခန်းကျဉ်းလေးထဲကို ( မလိုက်ချင်တဲ့ ခြေထောက်တွေကို
ဂရုမစိုက်ပဲ ) ဝင်ပြီး… ဗိုက်ထဲကမျက်နှာ ရှစ်ခေါက်ချိုးနဲ့ ထင်တိုင်းသောင်းကျန်း
နေတဲ့ ပိုးမျိုးပေါင်းသောင်းခြောက်ထောင်တိတိကို နှိမ်နင်းရတော့တယ် ( သူတို့ 
ခေတ်ဆိုတော့ စိတ်ရှိတိုင်းလုပ်ပါစေ ) သူတို့ လည်းကျွန်မလို ပဲ ထမင်းကြမ်း
ဘူးသီးကြော် ငပိရည်တို့ ကို လွမ်းနေလောက်ပါရဲ့ ……..


ကော်ဖီနဲ့ ပေါင်မုန့် မျက်နှာကို စေ့စေ့မကြည့်ပဲ မျက်နှာကိုအသာလွှဲထားပြီး
(လုံးဝမကြည့်တာမျိုးလဲမလုပ်ရဲပါဘူး ဖိတ်ကုန်ရင်သိမ်းရဆည်းရနဲ့ အလုပ်က
ရှုပ်အုံးမယ် ) ပါးစပ်နဲ့ လည်ချောင်းကို ခပ်ကျယ်ကျယ်လုပ်ထားပြီး ပေါင်မုန့် ကို
ကော်ဖီနဲ့ မျှောချရတယ် စားသာစားနေရတယ် စားချင်စိတ်ကိုကုန်နေပြီ (မနက်
တိုင်းဒါကြီးပဲစားနေရလို့ ) ၁၀ တန်းသင်ရိုးထဲက ရေသည်ပြဇတ် ကိုသွားသတိ
ရမိသေးတယ်.. ကြမ်းထော်နေတဲ့ထမင်းကို ချည်ပေါင်ဟင်းရည်နဲ့ ခြေစုံကန်ပြီး
မျိုရသလိုပါပဲ.. ကျွန်မရဲ့ ကော်ဖီနဲ့ ပေါင်မုန့် လဲ ဒီအတိုင်းပါပဲ ရှင် ….ကျွန်မထင်
တယ်…. ဆန်ကြမ်းထမင်းကို ချည်ပေါင်ဟင်းရည်နဲ့ ခြေစုံကန်မျို ချ ရတာကျွန်မ
ရဲ့ ကော်ဖီနဲ့ ပေါင်မုန့် ကို ခြေစုံမကန်ပဲမျိုချရတာထက် အဆပေါင်းများစွာ အရ
သာရှိမယ်လို့ ….ဒီမနက်လည်း ကျွန်မရဲ့ အစာအိမ်ကို သမရိုးကျအတိုင်း ကော်
ဖီနဲ့ ပေါင်မုန့် နဲ့ ပဲ နှစ်သိမ့်လိုက်ရပြန်ပါတယ်… နောက်တပတ်တနင်္ဂနွေလို့ တော့
ဂတိပေးလိုက်ရပြန်တာပေါ့လေ…


အိမ်ရှင်တွေထမင်းဟင်းကျက်ပြီးတဲ့အချိန်လောက်မှကိုယ့်ဟင့်အိုးကိုသွားပြန်
ချက်ရတယ် ပြီးတော့ အခန်းဖော်သူငယ်ချင်းနဲ့ ရောက်တက်ရာရာလေထိုင်ပေး
တယ်..နေ့ လည်စာကို ၂နာရီလောက်မှစားဖြစ်တယ် ထမင်းကသိပ်စားမကောင်း
တော့ဘူး မနက်ကကော်ဖီသောက်ထားလို့ ရင်တုန်နေတယ်လေ… ကျွန်မက
ကော်ဖီသောက်ရင် တခါတလေ ရင်တုန်တယ်..ဒါပေမယ့် အလွယ်တကူရနိုင်လို့ 
သူ့ ကို ရန်သူလိုသဘောမထားရဲပါဘူးရှင် (ဒါလည်းသူ့ ခေတ်ကိုး)



ထမင်းစားပြီးတော့ယောင်ချာချာဖြစ်နေမယ့်ကိုယ့် ကိုကိုယ်သနားလို့ အိပ်ပြီး
အ နားယူသင့်တယ်လို့ အကြံညဏ်ပေးတော့ (ပျင်းတာကိုလူမသိစေချင်လို့ ပါ)
ဒါမျိုး ဆိုရင် အရင်ဆုံးနာခံလွယ်တဲ့မျက်ခွံ ၂ ခုကအမြန်ဆုံးပဲထောက်ခံကြပါ
ရောလား..သူပြီးတော့ မျက်လုံးတစ်စုံက မခိုင်းရပါပဲနဲ့ အိပ်ရာပေါ်ကို သံလိုက်နဲ့ 
အဆွဲခံရသလို ရောက်သွားတယ်………………………..
ချက်ခြင်းပဲ.. မျက်ခွံတွေကစိတ်ညစ်ကုန်တယ် မျက်လုံးတွေကလည်း အိပ်ရာက
နေအကြည့်ကိုလွှဲသွားကြတယ်…. သူတို့ နှစ်ဦးစလုံးကျွန်မရဲ့ စိတ်နဲ့ ထပ်တူကျ
နေပြီနဲ့ တူတယ်.. ကျွန်မဒီ ကုတင်နဲ့ မွှေ့ ယာမှာအိပ်ချင်စိတ်ကုန်နေတာ ကြာလှ
ပြီ…ကျွန်မ ကသင်ဖြူးဖျာ (ဧရာဝတီတိုင်းကထွက်တာ) လေးနဲ့ အေးအေးလေး
အိပ်ချင်တာ.. .


အိမ်မှာဆိုရင် နေ့ လည်အားတဲ့ နေ့ ဆိုရင်(နေသာတဲ့နေ့ ) အိမ်ရဲ့ လေဝင်လေ
ထွက်ကောင်းတဲ့နေရာလေးမှာ သင်ဖြူးလေးခင်း ခေါင်းအုံးတစ်လုံး စောင်ပါး
လေး တစ်ထည်နဲ့ …… ဟိုလူး ဒီလှိမ့် .. အိပ်နေကျလေ.. သဘာဝလေ လေး
ကလည်း တဖြူးဖြူးနဲ့ ဆိုတော့ …….( အမေ.. သမီးခဏလေးပဲဖြစ်ဖြစ် ပြန်လာ
ပြီး အဲ့ဒီလိုလေး တရေးလောက်အိပ်ပါရစေ အမေ ခဏလေးပဲဖြစ်ဖြစ်နော် အမေ……အမေ့ဘေးလေးမှာလေ… နော် အမေ)


စင်္ကာပူရောက်ပြီးတမ်းတမိသမျှထဲမှာသင်ဖြူးဖျာလေးလည်းပါတယ်………..
စာမေးပွဲတွင်း ကဆိုရင် စာထိုင်ကျက်ရလို့ အရမ်းညောင်းလာတဲ့အချိန်မှာကုတင်
ပေါ်သွားပြီးအညောင်းဖြေရတယ်(ကျောဆန့် တယ်ဆိုပါတော့) အဲ့ဒီတုန်းကအ
ခန်းဖော်ကိုတောင်ပြောမိသေးတယ်…‘‘သူငယ်ချင်းရယ်.. ငါဒီကြွေပြားခင်းထား
တဲ့သံမန်တလင်းပေါ်မှာပဲလူးလိမ့်လိုက်ချင်တော့တယ်……’’
‘‘ ဟာ.. နင်ကလည်းလူတကာ ခြေထောက်တွေနဲ့ နင်းထားတဲ့နေရာကြီးကို….’’
‘‘ ငါအိမ်ကိုသင်ဖြူးဖျာ ပြန်မှာရင်ကောင်းမလားဟင် … ငါ.. ငါ့ကုတင်နားကို သွား
တောင်မသွားချင်တော့ဘူး (စာကျက်တာက မီးဖိုခန်းထဲမှာလေ) ’’
‘‘ နင်ဟာလေ.. ကုတင်နဲ့ အိပ်ရတာကိုပဲ.. ဖျာပြန်မှာချင်နေသေးတယ်…. နောက်ပြီးနင့်လူကြုံကရောဖျာကိုသယ်လာပေးပမလားဟ ’’
ကျွန်မဆက်မပြောတော့ပါဘူး အိမ်ပြန်မှာရင်လည်းလူကြုံက ဖျာကိုဘယ်သယ်
လာပေးလိမ့်မလဲနော်.. အစားအသောက်တောင် အများကြီးလူကြုံထည့်လို့ 
မကောင်းတာ… သေချာတာတစ်ခုကတော့ ကျွန်မဒီကုတင်နဲ့ မွှေ့ ယာကို တော်
တော်အမြင်ကတ်နေပြီဆိုတာပါပဲ…….



စိတ်ကူးတွေကိုရွက်လွှင့်ပြီးအိမ်ချည်းပြန်ခိုင်းနေတာနဲ့ ပဲ ဒီနေ့ လယ်တော့ အိပ်ရ
တော့မှာမဟုတ်တော့ပါဘူး……..အပြင်ကလည်းသွားစရာမရှိ (မသွားတာပါ ပိုက်
ဆံကုန်မှာစိုးလို့ )
ကဲကဲ…. မွှေ့ ယာအပေါ်အမြင်ကတ်နေတဲ့စိတ်ကိုကြိုးစားဖျောက်ပြီးတော့ မျက်ခွံ
နဲ့ မျက်လုံးလေးများရေ…….ငါတို့ အနားယူကြပါစို့ ဟာ… ဒီနေ့ လေးပဲနေ့ လယ်
အနားယူခွင့်ရှိတာ..အခွင့်ရေးကိုလက်လွတ်မခံပဲ ငါ့ရဲ့ ရွှေရောင်မလွှမ်းတဲ့ ကုတင်
နန်းထက်မှာ ငါ့ရဲ့ တရားလွန်အလွမ်းတွေနဲ့  ကမ္ဘာလောကကြီးကို ခေတ္တခဏ
အဆက်သွယ်ဖြတ်ကြပါစို့ ရဲ့……………..

နေရီနွယ် (ခေတ္တစင်္ကာပူ)
20.07.08(Sunday)
3:44 PM

လွမ်းခွင့်လေးပေးပါ

သူငယ်ချင်းသို့ ……………………………………
လွမ်းခွင့်လေးပေးပါ
ဒီနေ့ တော.အလွမ်းတွေမထိမ်းနိုင်တော.လို.စာရွက်ပေါ်မှာချရေးလိုက်တယ်
စဉ်းစားကြည့်ပါအုံးဟာ…..ဒီနေ့  class ရှိလို့ ..၇ နာရီ မှာ အိပ်ရာကထပါတယ်
မိုးနတ်မင်းကြီးကလူကိုကျီစယ်ဖို့ များစောင့် နေလားမသိပါဘူး…………..
အခန်းထဲမှာမှောင်နေပြီး အပြင်မှာတော့ဝေဝါးနေတာပဲ ဒါနဲ့ ပဲ…ရေချိုး ..
breakfast စားပြီးကျောင်းသွားဖို့ ပြင်……lift.ကထွက်လိုက်တာနဲ့  ၉ လွှာကို
ပြန်တက်ပြီးအခန်းအောင်းချင်စိတ်တွေပေါ်လာတယ်…..မိုးလေးကတဖွဲဖွဲနဲ့ 
ဆွေနေပြီး..လေကလဲပေါ့တိပေါ့ပျက်တိုက်နေသေးတယ်….


မျက်လုံးထဲမှာ..
ဘယ်လိုဖြစ်သွားမှန်းမသိဘူး….ဘာမှမမြင်ရပဲ…လောကကြီးပိုပြီးဝေဝါးသွား
တယ်…သိလိုက်ရတဲ့အချိန်မှာတော့..အော်…မျက်ရည်တွေပါလား………….
ငါတို့ မြန်မာမိန်းကလေး တွေကိုက စိတ်ဓါတ်ပျော့ညံ့တယ် ထင်တယ်နော်
ဟုတ်ပါတယ်လေ… ဟိုတွေးဒီငေးနဲ. MRT ကိုသွား……………………….
ငါ့ရဲ့ ပုံမှန်လုပ်နေကျအတိုင်း…….သူများကိုမပြောပြချင်တဲ့ငါ့ရဲ့စိတ်ခံစားချက်
တွေကို…သူငယ်ချင်းတစ်ယောက်ကိုစိတ်ထဲမှာထည့်ပြီး..သူ့ ကိုအကုန်ပြောပြ
နေလိုက်တယ်…ရင်ထဲမှာပေါ့သလိုလိုတော့ရှိသွားတယ်….နင်သိလား…
ရင်ထဲကခံစားချက်တွေကို ထုတ်ပြောရတာ ဆားမပါတဲ့ဟင်းကို စားရသလို
ခံစားရတယ်… ဒါပေမယ့်….လူတစ်ကိုယ်စိတ်တစ်မျိုးပါလေ……….


MRT ကိုသွားတဲ့လမ်းကလေးကတော့…. မိုးရွာလို့ ထင်တယ်..လူသွားလူလာ
ရှင်းနေတာပဲ အဲ့ဒါက ပိုပြီး…လွမ်းဆွေးမူ့ ကိုတွန်းအားပေးနေသလိုလို…….
MRT ပေါ်ရောက်ပြန်တော့လည်း….မိုးအေးတာလား…ဖန်တီးထားတဲ့ Aircon
ကအေး တာလား……….ဟင့်အင်း…မိုးအေးတာပါ..ခံစားချက်ကိုအတင်း
ဆွဲထားလိုက်တယ်..ရထားပေါ်ကနေ အပြင်ဘက်ကိုမကြည့်မိအောင်
သတိထားနေလိုက်တယ်..ကြည့်မိရင်…ရန်ကုန်- မော်လမြိုင် ကားလမ်းလေး
ပိုအသက်ဝင် နေမှာကိုသိနေလို့ လေ..ဆုတောင်းမိလိုက်သေးတယ်……
ဆုတောင်းပြည့်ရင်..အဖေနဲ့  အမေ ရှိ တဲ့အိမ်လေးကို ခဏပြန်ရောက်ပြီး…
အမေ့ရင်ငွေ့ နွေးနွေးလေးများ..ခိုလှုံခွင့်ရမလားပဲ ဟာ..


ဟင်…ငါဘာတွေ တွေးနေတာလဲ…မရတာကိုသွားမျော်နဲ့ …နင် SG လာတာ
လွမ်းဖို့ ဆွေးဖို့ မဟုတ်ဘူး…ပညာတွေပိုတက်ဖို့ …မရနိုင်တာကိုသွားမတောင့်
တနဲ့ ..သိစိတ်လေးက ဒီလိုဆုံးမတော့….ခဏတော့ငါ့ရဲ့ စိတ်တွေ ငြိမ်သွားတယ်
..ဒါပေမယ့်ကြာကြာမခံပါဘူးဟာ…ကိုယ့်ကို ကိုယ် ပြန်ဆုံးမမိလို့ များလားမသိ
ဘူး..မျက်ရည်တွေဝိုင်းလာပြန်ရောဟာ…လွမ်းချင်လို့ လွမ်းမှာ ..မရဘူးလွမ်းမှာ
ပဲ….ငါ့ရဲ့ သိစိတ်ကိုပြန်ပြောလိုက်တယ်…သွားပြီ……သိစိတ်ကြီးရှုံးသွားပြီ……
ငါ့ရဲ့ အလွမ်းတွေကို အနိုင်ပေးလိုက်တယ်…
Class ပြီးပြီ….အိမ်ပြန်ပြီးစာရေးမယ် ..ငါ့ရဲ့ အလွမ်းလေးလဲဆက်အုံးမယ်…
Centre Point ကထွက်လိုက်တာနဲ့ ………..ဟာသွားပြီကွာ……………
ရင်ထဲက အလွမ်းအခန်းဆက်လေးရော မနက်ကဆွေနေတဲ့မိုးရော……
ကုန်ပြီကုန်ပြီ………..နေမင်းကြီးပါလား..........၃ နာရီပဲကြာသေးတယ်လေ
အော.်….လွမ်းချင်တာ တောင် ကောင်းကောင်းလွမ်းခွင့်မရတဲ. SG ပါလား….

နေရီနွယ်
ခေတ္တစင်္ကာပူ