Thursday, September 25, 2008

“မာယာကျော့ကွင်း”

အတ္တရောင်က တပြောင်ပြောင်
မာနဖျားက မိုးထိတက်
လွဲမှားစွာခေါင်းစဉ်တပ်တော့
ရှိသင့်တဲ့ မာနပါတဲ့ ။

အငြိုးကြီးသူ လူတသိုက်
ချည်လိုက်သမျှ ညွှတ်ကျော့ကွင်း
မာယာမကြွယ် သမင်ငယ်
လည်စင်းလို့ ပေးရရှာတယ် ။

ရင်ကိုခွဲလို့  အသဲကိုထုတ်
သီကုံးရင်းပင် သူတို့ ပြုံးတယ်
ပြောပြန်သည်က စကားကြီး
ပညာပေးခြင်း ဖြစ်ပါသည်တဲ့ ။

လုပ်ရက်ခြင်းလို့  မပြောလို
ဆုတောင်းရင်းသာ စိတ်ကဆို
မကြုံစေလို ကိုယ့်ထက်မိုက်သူကို
ထာဝစဉ်သာ ပြုံးနိုင်ပါစေလို ။

No comments: