Thursday, September 25, 2008

“မာယာမဲ့ဟန်ဆောင်ခြင်း”

အနက်ရှိုင်းဆုံးငြိတွယ်
အထိနာလှတယ်ရင်ထဲ
အသိစိတ်ကရှောင်ခွါပြေးတယ်။


ညညအိပ်မပျော်
တစ်ယောက်ထဲကောင်းကင်ငေးတယ်။
အသက်ရှူလည်းကျပ်သေး
အာရုံကတစ်နေရာထဲကပ်ငြိ
ပါးနှစ်ဖက်မျက်ရည်မြစ်စီးတယ်။


ကြင်သူကိုလည်းမသိစေချင်
ခင်သူကိုလည်းမသိစေချင်
ဘယ်သူ့ ကိုမှမသိစေချင်ဘူးကွယ်။


ဟန်ဆောင်ကာနေရတဲ့ဘဝ
ဦးနှောက်က နှစ်နေရာခွဲတယ်။
နှလုံးသားအတွက်အချစ်
ရုပ်သွင်အတွက်တစ်စိမ်း။


စိတ်နဲ့ ခန္ဓာတထပ်ထဲမကျရတဲ့ဘဝ
နေသာနေရ ရူးချင်လှတယ်
ကြင်သူကိုလည်း အပြစ်မမြင်
ခင်သူကိုလည်း မငြိုငြင်ပါ။


စိတ်တွေကလည်း မတည်ငြိမ်သေး
တခါတခါ
အချစ်တွေတိုးထွက်လို့ 
အလွမ်းတွေလွှမ်းခြုံလာရင်
ဟန်ဆောင်လို့ တောင်မရ
လူရှေ့မှာတောင်မှိုင်တွေငေးတယ်။


ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းထဲ
ကြင်သူကိုလွမ်းလှလည်း
တိုးတိတ်တဲ့ ငိုရှိုက်သံ
ခင်သူမကြားအောင်ကြိုးစားမြဲ။

“အလွမ်း”

အလွမ်းတွေကိုစာစီ
ကဗျာရေးမည်ဆိုမှ
ကာရန်တွေကမညီ
လွမ်းသမျှကိုလိုက်မမီ။

အလွမ်းတွေကိုရေးမှတ်
တေးစပ်လို့ ဆိုတော့လည်း
သံစဉ်တွေကလိုက်မမီ
သီချင်းတပုဒ်မမည်။

အလွမ်းတွေကိုစီရီ
ဇာချဲ့ လို့ ဝတ္ထုရေးပြန်တော့
စကားလုံးတွေကရှေ့ နောက်မညီ
ခံစားချက်ကိုလိုက်မမီ။

ကဗျာ၊တေးထပ်
ဝတ္ထုစပ်လို့ မရတော့
အလွမ်းကိုမုန်းလို့ 
အမုန်းကိုပဲလွမ်းလိုက်ချင်ပါတယ်။

“မာယာကျော့ကွင်း”

အတ္တရောင်က တပြောင်ပြောင်
မာနဖျားက မိုးထိတက်
လွဲမှားစွာခေါင်းစဉ်တပ်တော့
ရှိသင့်တဲ့ မာနပါတဲ့ ။

အငြိုးကြီးသူ လူတသိုက်
ချည်လိုက်သမျှ ညွှတ်ကျော့ကွင်း
မာယာမကြွယ် သမင်ငယ်
လည်စင်းလို့ ပေးရရှာတယ် ။

ရင်ကိုခွဲလို့  အသဲကိုထုတ်
သီကုံးရင်းပင် သူတို့ ပြုံးတယ်
ပြောပြန်သည်က စကားကြီး
ပညာပေးခြင်း ဖြစ်ပါသည်တဲ့ ။

လုပ်ရက်ခြင်းလို့  မပြောလို
ဆုတောင်းရင်းသာ စိတ်ကဆို
မကြုံစေလို ကိုယ့်ထက်မိုက်သူကို
ထာဝစဉ်သာ ပြုံးနိုင်ပါစေလို ။

Friday, September 19, 2008

လွမ်းလှတယ် “မေမေ”

ဆန်းတော့မဆန်း
လွမ်းတော့လွမ်းမိ
ကျွမ်းကျွမ်းဝင်ဝင်
မျှော်လင့်ကာတမ်းမိတော့
လွမ်းမိသည့် အမေ့အိမ်….။


ဆိတ်ငြိမ်လှတဲ့ဘဝဂ်ဘုံ
အားသစ်စုံအောင်ရပေသည်။
မျက်ဝန်းညိုရင်ကိုအေးရတယ်
ရင်ထဲကိုခိုဝင်ကာတိုးမိရင်ဖြင့်
ကမ်းကုန်အောင်လုံခြုံရပြန်သည်။


ချိုကြည်ရွှင်မေတ္တာပွင့်လို့ 
ရာနှုန်းပြည့်အချစ်တွေရယ်
ခံစားမကုန်အောင်ရပါသေးတယ်။
အမေ့သံချိုဂရုဏာရောရင်ဖြင့်
နှိုင်းယှဉ်စရာသံစဉ်ရှားပါလို့ 
အားပြည့်တဲ့လှတဲ့ဖြစ်အင်။


ဆံနွယ်ကိုယုယစွာသပ်ပေးရင်ဖြင့်
သဲခိုက်ကာမျက်ရည်ဝိုင်းရတယ်
လမင်းထက်သာတဲ့“မေ့”ရုပ်သွင်။


“မေ့”မေတ္တာအကုန်ခံစားသိပေမယ့်
နှိုင်းပြစရာစကားလုံးမရှိပါဘူး
မြင့်မိုရ်နှင့်လည်းမယှဉ်
ဘယ်အရာနှင့်မှယှဉ်ပြဖို့ မမြင်။


ခုများတော့ဖြင့်
စိတ်တွေကမရွှင်
နွမ်းလျှတဲ့ရင်ခွင်
အားသစ်ကိုကိုယ်တိုင်ဖြည့်လို့ 
လှော်ခတ်ရတဲ့ဘဝမြစ်ပြင်
မေတ္တာရှင်“မေ”နဲ့ ဝေးတယ်။
ဂရုဏာရှင်“မေ”နဲ့ ဝေးတယ်။


အတိုင်းမသိအောင်ဆွေးရတယ်
“မေ့”ရင်ခွင်ခိုဝင်ကာနွေးလှချင်တယ်
လွမ်းလွန်းလှတယ်“မေမေ”ရယ်။

လွမ်းစရာလေးဒီ Sunday

စင်္ကာပူနိုင်ငံရဲ့  နေသာတဲ့ တနင်္ဂနွေနေ့ လေးပေါ့…………..
နေမင်းကြီးက သူ့ ရဲ့တာဝန် အတိုင်း ကမ္ဘာလောကကြီး ကိုအလင်းရောင်နဲ့ 
စွမ်းအားတွေ ကို သူရဲ့ခွန်အားရှိသလောက် မျှဝေနေပြီ…. နံနက်ခင်းမှာ
တေးဆိုတက်တဲ့ငှက်ကလေးတွေ ရဲ့အသံကို မကြားရပဲ ကျွန်မအိပ်ရာက
နေနိုးလာတယ် အိပ်ရာက နိုးနိုးခြင်း ချက်ခြင်းမထသေးဘူး ဆက်အိပ်
(ဇိမ်ယူ) အုံးမယ်လို့ တွေးမိတယ် … ဒါပေမယ့် ‘‘ မဖြစ်သေးပါဘူးလေ..
ငါလုပ်စရာတွေရှိသေးတယ် ’’ ပျင်းနေတဲ့စိတ်ကိုမျက်ကွယ်ပြုပြီး
အိပ်ရာကထလိုက်တယ်…. မျက်နှာသစ် .. လျှော်စရာအဝတ်တွေကို
စက်ထဲထည့်ပြီိး watching machine ကိုအလုပ်ပေးလိုက်တယ်…


ပြီးတော့ ဘုရားကျောင်းဆောင်ရှေ့ မှာထိုင်ပြီး ဘုရားရှိခိုးတယ် .. ကျွန်မ
တို့ အိမ်က ဗမာအိမ်ဆိုတော့ ဘုရားကျောင်းဆောင်ရှိတယ်… ဘုရားရှိခိုး
နေရင်းအလယ်တဝက်လောက်မှာ အမေဘုရားရှိခိုးနေတဲ့ ပုံရိပ်က ရင်ထဲကိုရော
အသိစိတ်ထဲကိုရော ဗြုန်းစားကြီးဝင်လာတယ် ရှေ့ဆက်ရမယ့်တရားစာတွေ
ကြက်ပျောက်ငှက်ပျောက်ပဲ လုံးလုံးကိုမေ့သွားရော .. ရင်ထဲကအမေ့ပုံရိပ်ကို
လက်အုပ်ချီလျက်သား စိတ်နဲ့ ထိုင်ကြည့် နေမိတယ် .. ပါးနှစ်ဖက်စလုံးမှာ
မျက်ရည်တွေ စီးနေပြီဆိုတာတော့သိနေတယ်.. ဒါပေမယ့်ဒီမျက်ရည်
တွေကိုတားဆီးချင်စိတ်မရှိဘူးဆိုတာလည်းသေချာနေပြန်ရော.. ‘‘ အမေ
ကျန်းမာပါစေ.. ချမ်းသာပါစေ ရန်သူမျိုး ၅ ပါးမှကင်းဝေးပါစေ.. အနာမျိုး
၉၆ ပါးမှကင်းဝေးပါစေ..စိတ်ချမ်းသာ ကိုယ်ကျန်းမာ……..’’ အမေ့မျက်နှာကို
ကြည့်ပြီး အမေ့ကိုဆုတောင်းပေးနေရင်းနဲ့ ရင်ထဲကဆုတောင်းသံတွေက မပီ
ပြင်တော့ဘူး စိတ်ထဲမှာမွန်းကျပ်ပြီးတော့ လူကမောသလိုခံစားရတယ် အသက်
ရှူလို့ မဝတော့သလိုပဲ.. ရှိုက်သံလေးတောင်အပြင်ထွက်မိသွားတယ်နဲ့ တူတယ်
အမေ့ကိုတော့မှာလိုက်သေးတယ် ‘‘ အမေ သမီး အဖေ့ကိုလည်းအရမ်းသတိရတယ်
အဖေကျန်းမာဖို့ ကိုလည်းနေ့ တိုင်းမပျက်မကွက် ဆုတောင်းပေးနေပါ
တယ်.. လို့ အဖေ့ကိုပြောပေးနော် အမေ ’’


……… ဒါနဲ့ ပဲ ဘုရားကို အစကနေပြန်ရှိခိုးရပြန်တယ်..ဒါပေမယ့် အမေရဲ့
ဘုရားရှိခိုးနေတဲ့ပုံရိပ်က ကျွန်မဘုရားရှိခိုးပြီးသည်အထိပျောက်မသွားခဲ့ပါဘူး
အမေ့ပုံရိပ်ကိုဒီအတိုင်းဆက်ပြီးထိုင်ကြည့်နေလို့ ကတော့ ငုတ်တုတ်ကနေမိုး
ချုပ်သွားနိုင်ပါတယ်…
ဘုရားရှိခိုးပြီးရုံရှိသေးတယ်.. ဘယ်အချိန်ထဲကအချက်ပြဖို့ ချောင်းနေလဲမသိဘူး
အစာအိမ်ရှိတဲ့နေရာက … ဆာ.. တယ်ဆိုပြီးအသိပေးလာတယ်..ဒါနဲ့ မနက်စာ
ကိုထမင်းစားပြီး သမုဒ္ဒရာဝမ်းတထွာကို မျက်နှာလုပ်ပြီး ဖြည့်မယ်လို့ ဆုံးဖြတ်မိ
တယ်..‘‘ ဟင်းတော့ချက်ရအုံးမယ်.. ကိုရွှေဗိုက်ရယ် ခဏတော့စောင့်…
ဟင်း အိုးပြင်လိုက်အုံးမယ် ’’ ……..မော်လမြိုင်အိမ်မှာဆိုရင်တော့.. မနက်စာကို
ညတုန်းက ထမင်းကျန်ရင် အဲ့ဒီထမင်းကြမ်း ဒါမှမဟုတ်ရင် အမေစောစော
ထချက်ထားတဲ့ထမင်းနဲ့ လမ်းထိပ်ကဘူးသီးကြော်ဆိုင်ကအကြော်စုံကိုဝယ်
ပြီးတော့ငပိရည်နဲ့ နွေးထားတဲ့ဟင်းကျန်လေး (ရှိရင်) နဲ့ နယ်ပြီးစားရတာ ကို
အရမ်းသတိရမိတယ်..

စင်္ကာပူကို မရောက်ခင်အချိန်ထိမနက်စာကိုထမင်းပဲ
စားဖြစ်တယ်..တခါတရံ (တော်တော်ရှားတယ်) မုန့် ဟင်းခါးစားတယ်..ကော်ဖီ
တို့ လ္ဘက်ရည်တို့ ဆိုတာ ကိုယ်နဲ့ လားလားမှမသက်ဆိုင်သူလို တစိမ်းဆန်လွန်း
တယ်.. ယောင်လို့ တောင်မစဉ်းစားမိဖူးဘူး..…….. ဟိုက် ..
စဉ်းစားခန်းဝင်နေတာနဲ့ ဟင်းအိုးကပြင်လို့ တောင်မပြီးသေးဘူး
အိမ်ရှင်တွေ ဟင်းချက်ဖို့ မီးဖိုခန်းကိုဝင်လာပြီ……
ချက်မှာက အိမ်ရှင်ဦးလေးကြီး သူ့ ကတော်က ကိုယ်ဝန် အရင့်နဲ့ ဆိုတော့ သူ
လက်စွမ်းပြရမယ့်ကာလ..အခါသမယ…


မီးဖိုခန်းလူရှုပ်တော့မယ်ဆိုတော့ ကျွန်မရဲ့ ပြင်လက်စ ဟင်းအိုးအဖုံး အုပ်ပြီး
မနက်စာအတွက် ကော်ဖီတစ်ခွက် ပေါင်မုန့် အလွတ် ၂ ချပ် လက်ကဆွဲပြီး
ကျွန်မရဲ့ ပျော်မွေ့ ရာအခန်းကျဉ်းလေးထဲကို ( မလိုက်ချင်တဲ့ ခြေထောက်တွေကို
ဂရုမစိုက်ပဲ ) ဝင်ပြီး… ဗိုက်ထဲကမျက်နှာ ရှစ်ခေါက်ချိုးနဲ့ ထင်တိုင်းသောင်းကျန်း
နေတဲ့ ပိုးမျိုးပေါင်းသောင်းခြောက်ထောင်တိတိကို နှိမ်နင်းရတော့တယ် ( သူတို့ 
ခေတ်ဆိုတော့ စိတ်ရှိတိုင်းလုပ်ပါစေ ) သူတို့ လည်းကျွန်မလို ပဲ ထမင်းကြမ်း
ဘူးသီးကြော် ငပိရည်တို့ ကို လွမ်းနေလောက်ပါရဲ့ ……..


ကော်ဖီနဲ့ ပေါင်မုန့် မျက်နှာကို စေ့စေ့မကြည့်ပဲ မျက်နှာကိုအသာလွှဲထားပြီး
(လုံးဝမကြည့်တာမျိုးလဲမလုပ်ရဲပါဘူး ဖိတ်ကုန်ရင်သိမ်းရဆည်းရနဲ့ အလုပ်က
ရှုပ်အုံးမယ် ) ပါးစပ်နဲ့ လည်ချောင်းကို ခပ်ကျယ်ကျယ်လုပ်ထားပြီး ပေါင်မုန့် ကို
ကော်ဖီနဲ့ မျှောချရတယ် စားသာစားနေရတယ် စားချင်စိတ်ကိုကုန်နေပြီ (မနက်
တိုင်းဒါကြီးပဲစားနေရလို့ ) ၁၀ တန်းသင်ရိုးထဲက ရေသည်ပြဇတ် ကိုသွားသတိ
ရမိသေးတယ်.. ကြမ်းထော်နေတဲ့ထမင်းကို ချည်ပေါင်ဟင်းရည်နဲ့ ခြေစုံကန်ပြီး
မျိုရသလိုပါပဲ.. ကျွန်မရဲ့ ကော်ဖီနဲ့ ပေါင်မုန့် လဲ ဒီအတိုင်းပါပဲ ရှင် ….ကျွန်မထင်
တယ်…. ဆန်ကြမ်းထမင်းကို ချည်ပေါင်ဟင်းရည်နဲ့ ခြေစုံကန်မျို ချ ရတာကျွန်မ
ရဲ့ ကော်ဖီနဲ့ ပေါင်မုန့် ကို ခြေစုံမကန်ပဲမျိုချရတာထက် အဆပေါင်းများစွာ အရ
သာရှိမယ်လို့ ….ဒီမနက်လည်း ကျွန်မရဲ့ အစာအိမ်ကို သမရိုးကျအတိုင်း ကော်
ဖီနဲ့ ပေါင်မုန့် နဲ့ ပဲ နှစ်သိမ့်လိုက်ရပြန်ပါတယ်… နောက်တပတ်တနင်္ဂနွေလို့ တော့
ဂတိပေးလိုက်ရပြန်တာပေါ့လေ…


အိမ်ရှင်တွေထမင်းဟင်းကျက်ပြီးတဲ့အချိန်လောက်မှကိုယ့်ဟင့်အိုးကိုသွားပြန်
ချက်ရတယ် ပြီးတော့ အခန်းဖော်သူငယ်ချင်းနဲ့ ရောက်တက်ရာရာလေထိုင်ပေး
တယ်..နေ့ လည်စာကို ၂နာရီလောက်မှစားဖြစ်တယ် ထမင်းကသိပ်စားမကောင်း
တော့ဘူး မနက်ကကော်ဖီသောက်ထားလို့ ရင်တုန်နေတယ်လေ… ကျွန်မက
ကော်ဖီသောက်ရင် တခါတလေ ရင်တုန်တယ်..ဒါပေမယ့် အလွယ်တကူရနိုင်လို့ 
သူ့ ကို ရန်သူလိုသဘောမထားရဲပါဘူးရှင် (ဒါလည်းသူ့ ခေတ်ကိုး)



ထမင်းစားပြီးတော့ယောင်ချာချာဖြစ်နေမယ့်ကိုယ့် ကိုကိုယ်သနားလို့ အိပ်ပြီး
အ နားယူသင့်တယ်လို့ အကြံညဏ်ပေးတော့ (ပျင်းတာကိုလူမသိစေချင်လို့ ပါ)
ဒါမျိုး ဆိုရင် အရင်ဆုံးနာခံလွယ်တဲ့မျက်ခွံ ၂ ခုကအမြန်ဆုံးပဲထောက်ခံကြပါ
ရောလား..သူပြီးတော့ မျက်လုံးတစ်စုံက မခိုင်းရပါပဲနဲ့ အိပ်ရာပေါ်ကို သံလိုက်နဲ့ 
အဆွဲခံရသလို ရောက်သွားတယ်………………………..
ချက်ခြင်းပဲ.. မျက်ခွံတွေကစိတ်ညစ်ကုန်တယ် မျက်လုံးတွေကလည်း အိပ်ရာက
နေအကြည့်ကိုလွှဲသွားကြတယ်…. သူတို့ နှစ်ဦးစလုံးကျွန်မရဲ့ စိတ်နဲ့ ထပ်တူကျ
နေပြီနဲ့ တူတယ်.. ကျွန်မဒီ ကုတင်နဲ့ မွှေ့ ယာမှာအိပ်ချင်စိတ်ကုန်နေတာ ကြာလှ
ပြီ…ကျွန်မ ကသင်ဖြူးဖျာ (ဧရာဝတီတိုင်းကထွက်တာ) လေးနဲ့ အေးအေးလေး
အိပ်ချင်တာ.. .


အိမ်မှာဆိုရင် နေ့ လည်အားတဲ့ နေ့ ဆိုရင်(နေသာတဲ့နေ့ ) အိမ်ရဲ့ လေဝင်လေ
ထွက်ကောင်းတဲ့နေရာလေးမှာ သင်ဖြူးလေးခင်း ခေါင်းအုံးတစ်လုံး စောင်ပါး
လေး တစ်ထည်နဲ့ …… ဟိုလူး ဒီလှိမ့် .. အိပ်နေကျလေ.. သဘာဝလေ လေး
ကလည်း တဖြူးဖြူးနဲ့ ဆိုတော့ …….( အမေ.. သမီးခဏလေးပဲဖြစ်ဖြစ် ပြန်လာ
ပြီး အဲ့ဒီလိုလေး တရေးလောက်အိပ်ပါရစေ အမေ ခဏလေးပဲဖြစ်ဖြစ်နော် အမေ……အမေ့ဘေးလေးမှာလေ… နော် အမေ)


စင်္ကာပူရောက်ပြီးတမ်းတမိသမျှထဲမှာသင်ဖြူးဖျာလေးလည်းပါတယ်………..
စာမေးပွဲတွင်း ကဆိုရင် စာထိုင်ကျက်ရလို့ အရမ်းညောင်းလာတဲ့အချိန်မှာကုတင်
ပေါ်သွားပြီးအညောင်းဖြေရတယ်(ကျောဆန့် တယ်ဆိုပါတော့) အဲ့ဒီတုန်းကအ
ခန်းဖော်ကိုတောင်ပြောမိသေးတယ်…‘‘သူငယ်ချင်းရယ်.. ငါဒီကြွေပြားခင်းထား
တဲ့သံမန်တလင်းပေါ်မှာပဲလူးလိမ့်လိုက်ချင်တော့တယ်……’’
‘‘ ဟာ.. နင်ကလည်းလူတကာ ခြေထောက်တွေနဲ့ နင်းထားတဲ့နေရာကြီးကို….’’
‘‘ ငါအိမ်ကိုသင်ဖြူးဖျာ ပြန်မှာရင်ကောင်းမလားဟင် … ငါ.. ငါ့ကုတင်နားကို သွား
တောင်မသွားချင်တော့ဘူး (စာကျက်တာက မီးဖိုခန်းထဲမှာလေ) ’’
‘‘ နင်ဟာလေ.. ကုတင်နဲ့ အိပ်ရတာကိုပဲ.. ဖျာပြန်မှာချင်နေသေးတယ်…. နောက်ပြီးနင့်လူကြုံကရောဖျာကိုသယ်လာပေးပမလားဟ ’’
ကျွန်မဆက်မပြောတော့ပါဘူး အိမ်ပြန်မှာရင်လည်းလူကြုံက ဖျာကိုဘယ်သယ်
လာပေးလိမ့်မလဲနော်.. အစားအသောက်တောင် အများကြီးလူကြုံထည့်လို့ 
မကောင်းတာ… သေချာတာတစ်ခုကတော့ ကျွန်မဒီကုတင်နဲ့ မွှေ့ ယာကို တော်
တော်အမြင်ကတ်နေပြီဆိုတာပါပဲ…….



စိတ်ကူးတွေကိုရွက်လွှင့်ပြီးအိမ်ချည်းပြန်ခိုင်းနေတာနဲ့ ပဲ ဒီနေ့ လယ်တော့ အိပ်ရ
တော့မှာမဟုတ်တော့ပါဘူး……..အပြင်ကလည်းသွားစရာမရှိ (မသွားတာပါ ပိုက်
ဆံကုန်မှာစိုးလို့ )
ကဲကဲ…. မွှေ့ ယာအပေါ်အမြင်ကတ်နေတဲ့စိတ်ကိုကြိုးစားဖျောက်ပြီးတော့ မျက်ခွံ
နဲ့ မျက်လုံးလေးများရေ…….ငါတို့ အနားယူကြပါစို့ ဟာ… ဒီနေ့ လေးပဲနေ့ လယ်
အနားယူခွင့်ရှိတာ..အခွင့်ရေးကိုလက်လွတ်မခံပဲ ငါ့ရဲ့ ရွှေရောင်မလွှမ်းတဲ့ ကုတင်
နန်းထက်မှာ ငါ့ရဲ့ တရားလွန်အလွမ်းတွေနဲ့  ကမ္ဘာလောကကြီးကို ခေတ္တခဏ
အဆက်သွယ်ဖြတ်ကြပါစို့ ရဲ့……………..

နေရီနွယ် (ခေတ္တစင်္ကာပူ)
20.07.08(Sunday)
3:44 PM

လွမ်းခွင့်လေးပေးပါ

သူငယ်ချင်းသို့ ……………………………………
လွမ်းခွင့်လေးပေးပါ
ဒီနေ့ တော.အလွမ်းတွေမထိမ်းနိုင်တော.လို.စာရွက်ပေါ်မှာချရေးလိုက်တယ်
စဉ်းစားကြည့်ပါအုံးဟာ…..ဒီနေ့  class ရှိလို့ ..၇ နာရီ မှာ အိပ်ရာကထပါတယ်
မိုးနတ်မင်းကြီးကလူကိုကျီစယ်ဖို့ များစောင့် နေလားမသိပါဘူး…………..
အခန်းထဲမှာမှောင်နေပြီး အပြင်မှာတော့ဝေဝါးနေတာပဲ ဒါနဲ့ ပဲ…ရေချိုး ..
breakfast စားပြီးကျောင်းသွားဖို့ ပြင်……lift.ကထွက်လိုက်တာနဲ့  ၉ လွှာကို
ပြန်တက်ပြီးအခန်းအောင်းချင်စိတ်တွေပေါ်လာတယ်…..မိုးလေးကတဖွဲဖွဲနဲ့ 
ဆွေနေပြီး..လေကလဲပေါ့တိပေါ့ပျက်တိုက်နေသေးတယ်….


မျက်လုံးထဲမှာ..
ဘယ်လိုဖြစ်သွားမှန်းမသိဘူး….ဘာမှမမြင်ရပဲ…လောကကြီးပိုပြီးဝေဝါးသွား
တယ်…သိလိုက်ရတဲ့အချိန်မှာတော့..အော်…မျက်ရည်တွေပါလား………….
ငါတို့ မြန်မာမိန်းကလေး တွေကိုက စိတ်ဓါတ်ပျော့ညံ့တယ် ထင်တယ်နော်
ဟုတ်ပါတယ်လေ… ဟိုတွေးဒီငေးနဲ. MRT ကိုသွား……………………….
ငါ့ရဲ့ ပုံမှန်လုပ်နေကျအတိုင်း…….သူများကိုမပြောပြချင်တဲ့ငါ့ရဲ့စိတ်ခံစားချက်
တွေကို…သူငယ်ချင်းတစ်ယောက်ကိုစိတ်ထဲမှာထည့်ပြီး..သူ့ ကိုအကုန်ပြောပြ
နေလိုက်တယ်…ရင်ထဲမှာပေါ့သလိုလိုတော့ရှိသွားတယ်….နင်သိလား…
ရင်ထဲကခံစားချက်တွေကို ထုတ်ပြောရတာ ဆားမပါတဲ့ဟင်းကို စားရသလို
ခံစားရတယ်… ဒါပေမယ့်….လူတစ်ကိုယ်စိတ်တစ်မျိုးပါလေ……….


MRT ကိုသွားတဲ့လမ်းကလေးကတော့…. မိုးရွာလို့ ထင်တယ်..လူသွားလူလာ
ရှင်းနေတာပဲ အဲ့ဒါက ပိုပြီး…လွမ်းဆွေးမူ့ ကိုတွန်းအားပေးနေသလိုလို…….
MRT ပေါ်ရောက်ပြန်တော့လည်း….မိုးအေးတာလား…ဖန်တီးထားတဲ့ Aircon
ကအေး တာလား……….ဟင့်အင်း…မိုးအေးတာပါ..ခံစားချက်ကိုအတင်း
ဆွဲထားလိုက်တယ်..ရထားပေါ်ကနေ အပြင်ဘက်ကိုမကြည့်မိအောင်
သတိထားနေလိုက်တယ်..ကြည့်မိရင်…ရန်ကုန်- မော်လမြိုင် ကားလမ်းလေး
ပိုအသက်ဝင် နေမှာကိုသိနေလို့ လေ..ဆုတောင်းမိလိုက်သေးတယ်……
ဆုတောင်းပြည့်ရင်..အဖေနဲ့  အမေ ရှိ တဲ့အိမ်လေးကို ခဏပြန်ရောက်ပြီး…
အမေ့ရင်ငွေ့ နွေးနွေးလေးများ..ခိုလှုံခွင့်ရမလားပဲ ဟာ..


ဟင်…ငါဘာတွေ တွေးနေတာလဲ…မရတာကိုသွားမျော်နဲ့ …နင် SG လာတာ
လွမ်းဖို့ ဆွေးဖို့ မဟုတ်ဘူး…ပညာတွေပိုတက်ဖို့ …မရနိုင်တာကိုသွားမတောင့်
တနဲ့ ..သိစိတ်လေးက ဒီလိုဆုံးမတော့….ခဏတော့ငါ့ရဲ့ စိတ်တွေ ငြိမ်သွားတယ်
..ဒါပေမယ့်ကြာကြာမခံပါဘူးဟာ…ကိုယ့်ကို ကိုယ် ပြန်ဆုံးမမိလို့ များလားမသိ
ဘူး..မျက်ရည်တွေဝိုင်းလာပြန်ရောဟာ…လွမ်းချင်လို့ လွမ်းမှာ ..မရဘူးလွမ်းမှာ
ပဲ….ငါ့ရဲ့ သိစိတ်ကိုပြန်ပြောလိုက်တယ်…သွားပြီ……သိစိတ်ကြီးရှုံးသွားပြီ……
ငါ့ရဲ့ အလွမ်းတွေကို အနိုင်ပေးလိုက်တယ်…
Class ပြီးပြီ….အိမ်ပြန်ပြီးစာရေးမယ် ..ငါ့ရဲ့ အလွမ်းလေးလဲဆက်အုံးမယ်…
Centre Point ကထွက်လိုက်တာနဲ့ ………..ဟာသွားပြီကွာ……………
ရင်ထဲက အလွမ်းအခန်းဆက်လေးရော မနက်ကဆွေနေတဲ့မိုးရော……
ကုန်ပြီကုန်ပြီ………..နေမင်းကြီးပါလား..........၃ နာရီပဲကြာသေးတယ်လေ
အော.်….လွမ်းချင်တာ တောင် ကောင်းကောင်းလွမ်းခွင့်မရတဲ. SG ပါလား….

နေရီနွယ်
ခေတ္တစင်္ကာပူ