Saturday, August 1, 2009

“ သူငယ်ချင်းသို့ ....”

နင် နဲ့ ငါ ရိုးသားမှု့ကြားမှာ
ဖျားယောင်းမှု့ဆို တာ..
ပါးပါးလေးတောင်မရှိခဲ့ဘူး။

နင် နဲ့ ငါရင်းနှီးမှု့ကြားမှာ
အထင်သေးခြင်းဆိုတာ
ဘာလဲဟာ?........

နင်လဲရင် ငါကူ၊ ငါလဲရင် နင်ကူပေါ့
သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
ငါတရှိုက်မက်လို့ ပါ။

သူငယ်ချင်းရေ ကျေးဇူးတင်တယ်။
အသက်ရှုမွန်းကျပ်တိုင်း
အားပေးခဲ့တာတွေကိုပေါ့။

သူငယ်ချင်းရေ..
တကယ်ဆို …..
ပြီးသွားမှာဆိုတာ မေ့ထားလိုက်ချင်တယ်။

4 comments:

အရုပ်ကလေး said...

ခင်မင်မှု သံယောဇဉ်ကိုအရင်းတည်ပြုလို့
ထပ်ဆင့်ကဲတဲ့ အတွင်းစိတ် ..
အတိုင်းအတာတွေနဲ့အတူ စည်းတစ်ခုမှာ
ခြားထားတဲ့တံတိုင်း ..
ဒီအတိုင်လေးပဲ ရှိချင်တယ် ...
မွန်းကြပ်ချိန်မှာ အားကူမှုတစ်ခုဟာ
လက်တစ်ကမ်းစာနဲ့ ရင်ဝယ်အသိမှာ
သူငယ်ချင်းထက် လွန်ကဲမရတဲ့စိတ်
အကြိမ်ကြိမ် မိုးထက်ညံနေခဲ့တယ် ...
ဖြူစင်မှုပကတိနဲ့ ယူငင်မှုအထိဆိုရင်
ငါဟာ .. စိမ်းရောင်သန်းတဲ့လွင်ပြင်မှာ
အဖြူရောင်လွှမ်းနေတဲ့ သူငယ်ချင်းအစစ်ပါ ..။

ီကဗျာလေးကို ဖတ်ရင်း စိတ်ထဲငြိတာလေးကို
ချရေးသွားတယ် ..။
ကဗျာလေးက ရိုးစင်းစွာနဲ့ ကောင်းတယ် ..။

ခင်မင်စွာဖြင့်
idulize (အရုပ်ကလေး)

Anonymous said...

နင်လဲရင် ငါကူ၊ ငါလဲရင် နင်ကူပေါ့
သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
ငါတရှိုက်မက်လို့ ပါ။

အဲလို သူငယ်ချင်းမျိုးလိုချင်တယ်ဗျာ

မီးတောက် said...

သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့အညီကဗျာလေးက
လိုက်ဖက်ပါပေတယ် ခင်ဗျာ
သူငယ်ချင်းဆိုတာ မရှိရင်လည်းအတူတူ
ရှိရင်လည်းအတူတူ ဆိုတာပေါ့

လေလွင့်လူ said...

သံယောဇဉ် လေးတွေနဲ့
ဖြည့်စွတ်ရင်း
သူငယ်ချင်း ဆိုတဲ့အရသာကို
မပျောက်ပါစေနဲ့

ကောင်းပါတယ် နော်
ကျနော်က blogger အသစ်လေးမို့
ကြိုးစားတုန်းရှိသေးတယ်
ကြိုဆိုပါတယ်
လေလွင့်လူ
www.saisainaylinn.blogspot.com