Thursday, January 29, 2009

“ စိတ်မနှံ့ တဲ့အိပ်မက် ”

အလွမ်းအလွမ်းနဲ့….
ငါ့ရင်ဘတ်ကို….
တိုက်စားဖန်များတော့….
လူလဲ ပမ်းလို့ နွမ်းလို့နေပေါ့…

သက်သက်သာသာ … ဖြစ်စေဖို့ ရည်စူးပြီး..
ထူးမလာနိုင်ဘူးထင်လို့..
ကိုယ့်အသည်းကို..ကိုယ်ခွဲ…
နည်းနည်းလေးတောင် မညှာဘဲ….
လမ်းလွဲကိုရွေးပြီးမှ..
အခါခါတမ်းတနေတာ….
ဘာတွေများမှားနေလဲ…
မသိတော့ဘူး…

ဒီလိုနဲ့ပဲ………..
အိပ်မက်တွေက …. ဦးတည်ရာမဲ့……
အရူးတစ်ယောက်လိုပြေးလွှား….
အိပ်မက်နောက်ကိုလိုက်နေတဲ့…
ငါလဲအရူးတစ်ပိုင်း………………………………
ခပ်ရိုင်းရိုင်းပဲ…… ပြောလိုက်မယ်…
ဟုတ်တယ်…………
ဒါရူးတာပဲ……………..


“ မေ ”

5 comments:

ရဲဝင့်သူ said...

သက်သက်သာသာ … ဖြစ်စေဖို့ ရည်စူးပြီး..
ထူးမလာနိုင်ဘူးထင်လို့..
ကိုယ့်အသည်းကို..ကိုယ်ခွဲ…
နည်းနည်းလေးတောင် မညှာဘဲ….
လမ်းလွဲကိုရွေးပြီးမှ..
အခါခါတမ်းတနေတာ….
ဘာတွေများမှားနေလဲ…
မသိတော့ဘူး…

တကယ့်ကိုအမှန်တရားတွေပါ။မိုက်တယ်ဗျာ...

မီးတောက် said...

ကဗျာလေးက တော်တော်လေးမိုက်တယ်နော်
ခံစားချက်တွေများနေတယ်ထင်တယ်
ဆက်လက်ရေးသားနိုင်ပါစေ

My Diary said...

ခက်ရိုင်းရိုင်းပြောတာကလည်း
စံပယ် ပန်းနဲ့ပေါက်သလိုပဲ
ကောင်းတယ်နော်
ဆက်ရေး

ရိုးမြင့်အောင် said...

ခပ်ရိုင်းရိုင်းပဲ ပြောလိုက်မယ်... ဟုတ်တယ်... ဒါရူးတာပဲ..
စိတ်လျှော့ပါဦးဗျာ... အဟတ်ဟတ်

ဖြိုးငယ် said...

ဟာ ... အိုးအိုး ...
နှမတော် .. ထင်တောင်မထင်ထားဘူး ...
ဟုတ်လှချည်လား .. ပေါက်ကွဲနေတယ်ထင်တယ် ...
အမဲသားစား ..:P ..
တကယ်ပြောတာ .. ကဗျာလေးကိုတော့ ကြိုက်တယ်ဟေ့