Saturday, August 1, 2009

“ သူငယ်ချင်းသို့ ....”

နင် နဲ့ ငါ ရိုးသားမှု့ကြားမှာ
ဖျားယောင်းမှု့ဆို တာ..
ပါးပါးလေးတောင်မရှိခဲ့ဘူး။

နင် နဲ့ ငါရင်းနှီးမှု့ကြားမှာ
အထင်သေးခြင်းဆိုတာ
ဘာလဲဟာ?........

နင်လဲရင် ငါကူ၊ ငါလဲရင် နင်ကူပေါ့
သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
ငါတရှိုက်မက်လို့ ပါ။

သူငယ်ချင်းရေ ကျေးဇူးတင်တယ်။
အသက်ရှုမွန်းကျပ်တိုင်း
အားပေးခဲ့တာတွေကိုပေါ့။

သူငယ်ချင်းရေ..
တကယ်ဆို …..
ပြီးသွားမှာဆိုတာ မေ့ထားလိုက်ချင်တယ်။