ကျွန်မစာမရေးတာ နဲနဲကြာသွားပါတယ် .. တကယ်တော့ ဘလော့အတွက်
ခံစားချက် တွေရေးချင်နေတာ ကြာပါပြီ .. ခုတလောကတော့ စာမေးပွဲ က
လည်းကျ လူကလည်း တော်တော်လေး မအား ဘူးဖြစ်နေတာရယ် ခံစား
ချက်တွေ ကလည်း ရှုပ်နေတာရယ် ကြောင့် ပိုစ့်အသစ်တင်ဖို့  ကြာသွား
ခြင်းဖြစ်ပါတယ်.. ကျွန်မစာရေး မယ်လို့ စဉ်းစားလိုက်တိုင်း ဘာ အ
ကြောင်းရေးရမှန်း မသိပဲ စမ်းတဝါးဝါးဖြစ်နေတယ်…. ကျွန်မက စာရေးရင်
ကိုယ့်ရင်ထဲမှာ တကယ်ဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုပဲ ရေးချင်တာလေ
ဒါနဲ့ ခံစားချက်တွေဖြစ် ပေါ်လာမယ့်နေ့ ကိုထိုင်စောင့်ရင်း ခံစားချက်
တွေကို လုပ်ယူကြည့်မိတယ်.. ခံစားချက်ဆိုတာက လည်းခက်သားနော်
လုပ်ယူ ဖန်တီးလို့ မရတဲ့ အရာတွေ ထဲမှာသူလည်းပါ တယ်.. …..
မကြာသေးတဲ့တစ်နေ့ မှာတော့ အကြောင်းရာတစ်ခုကို ရေးချင်တဲ့ခံစား
ချက်တွေပေါ်လာတယ်…. ဒါနဲ့ ပဲ စာရေးမယ်ဆိုပြီး ဘောပင်နဲ့ စာရွက်
ကိုကိုင်ပြီး ရေးတော့မယ်လဲလုပ်ရော .. ဒါမျိုးဆိုရင် ဘယ်ချောင်က နေ
မှခက်ခက်ခဲခဲဆွဲ ထုတ်စရာမလိုတဲ့ အပျင်းရောဂါတွေ ကနဂို ရှိရင်းဆွဲ
“ ပျင်း ”ရောဂါ ကိုဒီဂရီတိုးစေတယ်.. (အဟီးးးးး) အဲ့ဒီ “ ပျင်း ” ရော
ဂါကို အိပ်လိုက်စားလိုက်နဲ့  ၂ ရက်လောက်တိုက် ထုတ်လိုက်ရသေး
တယ်…. ပျင်းရောဂါလည်းသက်သာ လာတော့ စာရေးတော့မယ်လည်း
လုပ်ရော…… သွားပြန်ပါပြီ … ဒီတခါလည်း…ကျွန်မရေးလိုက်တဲ့ စကား
လုံးတွေ က ကျွန်မရဲ့ခံစားချက်ကို မှေးမှိန်ပျက်စီးစေပြန်တယ်…အဲ့ဒီနေ့ 
က ရေးလိုက်… မကြိုက်ရင် .. ပြန်ဖျက်လိုက်နဲ့ … စိတ်ကိုညစ်သွားတာ
ပဲ…… ကျွန်မရဲ့ စာမရေးချင်တဲ့ အကြောင်းပြချက်တွေ ကလည်းများ
သားနော်….. ဆင်ခြေ ၊ ဆင်လက် ၊ တောင်မဟုတ်ပဲ ဆင်တကိုယ်လုံး
နီးပါးဖြစ်နေတယ်…..
…………………………………………………………………………………….
“လူတစ်ကိုယ်စိတ်တမျိုး” ၊ “လူခြင်းတူပေမယ့်စိတ်ခြင်းမတူဘူး”
အဲ့ဒီစကားတွေ ကဆိုရိုးစကားတွေ လား သာမာန် အရပ်သုံး
စကားလားဆိုတာတော့ ကျွန်မလည်းသေသေ ချာချာမသိပါဘူး …
တချို့ တွေ က ခံစားချက်တွေ ကိုရင်ထဲမှာသိုဝှက် ထားတက်သလို
တချို့ တွေ ကတော့ အရှိကိုအရှိတိုင်းထုတ် ပြတက်ကြတယ်…
ကျွန်မ “ ၇ ” တန်း နှစ်က ကျွန်မသူငယ်ချင်းရဲ့ အမေ က သူ့ သမီး
ကို အမြဲပဲ နေ့ လည် ထမင်းချိုင့်လာပို့ တယ် … ထမင်းစားပြီးလို့ 
သူ့ အမေပြန်ရင် သူငယ်ချင်းက သူ့ အမေကို နှုတ်ဆက်အနမ်းလေး
ပေးသလို သူ့ အမေက လည်းသူ့ သမီးကို နှုတ်ဆက်အနမ်းလေး
ပြန်ပေးနေကြပဲ… ကျွန်မ သူတို့ သားအမိကို ကြည့်ပြီးတော်တော်
အားကျမိတယ်.. .. ဒါနဲ့ ကျွန်မလည်း စိတ်ထဲမှာ မှတ်ထားပြီး ..
“ အမေ့ ပါး လေး ” ကိုတစ်နေ့ လောက်တော့ နမ်းကြည့်အုံးမယ်
ဆိုပြီးတေးထားလိုက်တယ်…. အဲ့ဒီ့နေ့ ကစပြီး ကျွန်မရဲ့ ပြသနာက
တော့ အမေ့ပါးကို အလစ်ချောင်းရတဲ့ ကိစ္စပါပဲ …အဲ့ဒိနေ့ ကစ
ပြီး.. အမေ့ကိုဟိုဘက်ကနေ ချောင်းလိုက် ဒီဘက်ကနေချောင်း
လိုက် ချောင်ထဲမှာကပ်ပြီး ချောင်းလိုက်နဲ့  ဂဏာမငြိမ် ကိုဖြစ်
နေတာလေ.. ကိုယ့်အမေ ရဲ့
ပါးပြင်ကို နမ်းဖို့ အရေး ကျွန်မ တော်တော် အစီစဉ် ချယူလိုက်ရ
တယ် “ ၃ ” ရက်လောက် ရောက်တော့ အကောင်ထည် ဖော်ခွင့်
ရပါတယ် ……. အမေထမင်းစားနေတုန်း….. အမေ့ပါးပြင်လေးကို
ကမန်းကတန်း နမ်းမိပါတယ်……. ဝိုး……… ကျွန်မတော်တော်
ရှက်သွားတယ်…… အဲ့ဒါဘာလို့ လဲမသိဘူးနော် ?... အမေကလည်း
“ ဟာ…… ဒီကလေးမလေး ဘာတွေ အရူးထနေတာလည်း ဆိုပြီး
ကျွန်မကို “ ဆူ ” ပါတယ်….. ဘာလို့ လဲမသိဘူးနော် ? ……..
ကျွန် မနောင်ဆို အမေ့ ကိုဘယ်တော့မှ မနမ်းရဲတော့ပါဘူး……
ရှက်တာလည်းပါတယ် … အမေဆူတာလည်း ပါတယ်……..
ကျွန်မအမေက လေ သူ့ ရဲ့ခံစားချက်တွေ ကိုဘယ်တော့မှ အပြင်
မထုတ်ပြတက်ဘူး… ကျွန်မအမေ ကျွန်မတို့ မောင်နှမတွေ ကိုဘယ်
တော့မှ လွမ်းကြောင်းသတိရ ကြောင်းမပြောဖူးဘူး………… ကျွန်မ
ဘလော့ကိုလာလည်တဲ့ သူငယ်ချင်းတွေရဲ့အမေ တွေလည်း
ကျွန်မအမေ အတိုင်းပဲလားဟင်? ……. ဟိုတရက်က အိမ်ကိုဖုန်းဆက်
ပြီး အမေ့နဲ့ စကားတွေ အကြာကြီးပြောဖြစ်တယ်…. စကားပြောနေရင်း
က အမေ့ကို စကား ၂ ခွန်းအရမ်းကိုမေးချင်မိတယ်…. အဲ့ဒီမေးခွန်းက
မမေးလည်း နားလည်နေတဲ့ အဖြေရှိတဲ့မေးခွန်းပါ…. ဒါပေမယ့် ကျွန်
မ က…အမေနှုတ်က ဖြေတဲ့စကားကိုကြားချင်တာလေ….. ဒါပေမယ့်
ကျွန်မ တခုပဲမေးလိုက်ပါတယ် .. ဒုတိယမေးခွန်းကိုတော့ ကျွန်မ
ခုထိ မမေးရဲသေးဘူး ဘာလို့ လဲဆိုတော့အမေ ကတိတိကျကျမဖြေ
ပဲ ဝေ့လည်ကြောင်ပတ် ဖြေမှာစိုးလို့ ပါ ကျွန်မမေးတဲ့မေးခွန်း က
တခြားသူတွေ အတွက်တော့ သာမာန် ရီစရာ တခုလောက်ဖြစ်ချင်
ဖြစ်နေပေမယ့် ကျွန်မအတွက်တော့ အရေးပါလွန်းတဲ့ အရာပါ
ကျွန်မအမေ့ကိုမေးလိုက်တာက “ အမေ သမီးလေ.. အမေ့ကိုအရမ်း
သတိရတာပဲ.. အမေရော သမီးကိုသတိရ လားဟင် ” မေးပြီးကျွန်မ
အသက်အောင့်ထားမိတယ်…. အမေ ဘယ်လိုများဖြေမှာပါလိမ့်?…
အရမ်းကြီးတော့မမျော်လင့်ထားဘူးပေါ့ရှင် အမေက ဒါမျိုးတွေ သိပ်
မဖြေချင်တဲ့သူမို့ လို့ ပါ… ဒါပေမယ့်အဲ့ဒီ့နေ့ ကတော့ အမေ က ကျွန်
မလိုချင်တဲ့ အဖြေကို ပေးပါတယ် “ အမေလည်း သမီးကိုအရမ်းသတိ
ရတယ် အရမ်းသတိရလို့ ခုလေးတင် သမီး အကြောင်းကို သမီး အဖေ
နဲ့ ပြောနေကြတာ ” ဝိုးးးးးးးး …….. ကျွန်မပျော်လွန်းလို့ ထပြီးခုန်ချင်မိ
တယ်.. ကျွန်မကြောက်တာက အမေက “ အော် ကိုယ်မွေးထားတဲ့ သမီး
ပဲ .. သတိမရပဲ နေပါ့မလား….” ဆိုပြီး ပုံမှန် အတိုင်းဖြေ လိုက်မှာကိုပါ
အဲ့ဒိ့နေ့ က အမေနဲ့  အကြာကြီးပဲ ဖုန်းပြောဖြစ်တယ် အမေက လည်း
ဖုန်း မချ ချင်သလို ကျွန်မ ကလည်း နှုတ် ဆက်လိုက်ရမှာ တော်တော်
စိုးမိပါတယ်… အဲ့ဒီ့နေ့ က ဖုန်းချ တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်..
စကားပြန်ဆက်ပြောလိုက်နဲ့  .. နှုတ်ဆက်တဲ့စကား ၁၀ ကြိမ်ထက်
မက ဖြစ်သွားတယ်…..
ဒုတိယ မေးချင်တဲ့မေးခွန်းက “ အမေ သမီးကို ချစ်လား ” ဆိုပြီးမေးချင်
တာပါ … ဒါပေမယ့် မမေးရဲသေးဘူးဖြစ်နေတယ်……ငယ်ငယ်က ကာ
တွန်းစာအုပ်ထဲမှာ ဖတ်ဘူးတယ်.. သူ့ သားက သူ့ အဖေ ဆုံးကာနီး
မှာ .. “ အဖေ...သား တို့ ကို ချစ်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးဘူး
အဖေသာ သားကို ချစ်တယ်လို့ အခုနေ ပြောရင် ဂျွမ်းထိုး မိမှာပဲ…”
ဆိုပြီးပြောတော့.. သူ့ အဖေက သူ့ သားကို …………
“သား…….. မင်းဂျွမ်းထိုးလို့ ရပြီတဲ့………………………..”
Monday, February 23, 2009
Subscribe to:
Posts (Atom)